သစ်ကား တိမ်းမှောက် အမျိုးသားသုံးဦးသေဆုံး

 တရားမဝင်တမလန်းသစ်ခွဲသားများ သယ်ဆောင်လာသော ယာဉ်တိမ်းမှောက်၊ အမျိုးသားသုံးဦးသေဆုံး
ဂန့်ဂေါ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး ထီးလင်း မြို့နယ်အတွင်း ထီးလင်း-ဂန့်ဂေါ လမ်းနှင့် မြိုင်-တောမလမ်းဆုံတွင် တရားမဝင်တမလန်းသစ်ခွဲသားများ သယ်ဆောင်လာသော ယာဉ်တစ်စီး ဇူလိုင် ၁၄ ရက် နံနက်က တိမ်းမှောက် ၍ ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ္တရာမြို့နယ် ဘိုကုန်းကျေးရွာနေ ဦးဝင်းမြင့် အောင်(၃၈ နှစ်) မောင်းနှင်ပြီး ပခုက္ကူမြို့နယ် ကမ္မကျေးရွာနေ မောင်သန်းစိုးလင်း (၂၅ နှစ်)နှင့် မုံရွာမြို့နယ် ချမ်းသာရပ်ကွက်နေ မောင်ဇာနည်တိုး(၂၅ နှစ်)တို့ လိုက်ပါ ပြီး တမလန်းသစ်ခွဲသား ခြောက်တုံး ဝ ဒသမ ၅၉၄၄ တန် (ကာလတန်ဖိုး ငွေကျပ် ၁၄၈၆ဝဝ)ခန့်ကို တင်ဆောင် လာသော လင်ခရူဆာအမျိုးအစား ယာဉ်သည် ထီးလင်း-ဂန့်ဂေါအတိုင်း ဂန့်ဂေါဘက်မှ ထီးလင်းဘက်သို့ မောင်းနှင်လာစဉ် ထီးလင်း-ဂန့်ဂေါ လမ်းနှင့် မြိုင်-တောမလမ်းဆုံ၌ လမ်းဝဲဘက်ရှိ ရှစ်ပေခန့်အနက်ရှိ သော ချောက်ထဲသို့ ထိုးကျတိမ်း မှောက်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ မောင်သန်းစိုးလင်းနှင့် မောင်ဇာနည်တိုးတို့မှာ အခင်းဖြစ် နေရာမှာပင် သေဆုံးခဲ့ကြပြီး ယာဉ်မောင်း ဦးဝင်းမြင့်အောင်မှာ ဆေးမင်းတောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိသောဒဏ်ရာ ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဆေးမင်းတောရဲကင်းစခန်းက အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 ကြီးမြင့်နိုင်(လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သစ်ကား တိမ်းမှောက် အမျိုးသားသုံးဦးသေဆုံး သစ်ကား တိမ်းမှောက် အမျိုးသားသုံးဦးသေဆုံး Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.