စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ယနေ့ နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သည့် ဆရာဝန်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဦးအောင်သောင်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ပြီး နေ့လည် ၁၂ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံနှင့် တောင်သာမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောပေါက်၍ ဆေးကုသမှုခံယူရန် ဇူလိုင် ၉ ရက်ကပင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။
china.com Myanmar
https://www.facebook.com/china.com.mm
"ဦးအောင်သောင်း ကွယ်လွန်"
Reviewed by THITHTOOLWIN
on
10:14
Rating: