ဒီမိုကရက်တစ်ပါတီ (မြန်မာ) နေရာ ၆ဝ ဝင်ရောက်ယှဉ်ပြိုင်မည်

 ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေ ကိုတွေ့ရစဉ် Photo: RFA

 ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ်စား လှယ်လောင်း ၆ဝ လောက်ကို ရွေးချယ်ထားတယ်လို့ ပါတီတာဝန်ရှိ သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွက် ကိုယ်စားလှယ်လောင်း ၃ဝ ကို လျာထားတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

"အခုအချိန်အထိကတော့ ၆ဝ ကျော်ပဲရှိပါတယ်ဗျ၊ သူတို့ရဲ့ကုန်ကျစရိတ်ကို ကိုယ့်ဟာ ကိုယ်ရှာနိုင်ရမယ်ပေါ့နော် ၊ ကျနော်တို့ကို ၆ဝ ကျော်ပေးထားတာ ကိုယ့်ဟာကိုယ်စရိတ်ကို ရှာပြီးတော့ဝင်နိုင်မယ့်လူပေါ့နော်၊ မဲဆန္ဒနယ် တစ်နယ်ကို ကျနော်တို့ ရွေးလိုက်လို့ရှိရင်တော့ ၄ ယောက်ပေါ့နော်၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် ဆိုတာကိုရှိတော့ အဲ့ဒီ ၄ ယောက် ၄ ယောက် ပြိုင်မှာပေါ့နော်၊ ကျနော်တို့ ရန်ကုန် မှာတော့ ကျနော်တို့ လူ ၃ဝ လောက်ပြိုင်မှာပေါ့နော်"

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပါတီရဲ့မူဝါဒကိုယုံကြည်ပြီး တက်တက်ကြွကြွလှုပ်ရှားသူ၊ ဝင်ရောက်ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်တွေရဲ့ လေးစားမှုကိုရရှိထားတဲ့သူ ဖြစ်ရမယ့်အပြင် ရွေးကောက်ပွဲကုန်ကျစားရိတ် ကို ကျခံနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့ အချက် ၃ ချက်အပေါ်မှာ အခြေခံပြီး ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ( မြန်မာ) ဟာ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃ ဦး အနိုင်ရခဲ့ပြီး ပါတီဝင် ၅ သောင်းလောက်ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒီမိုကရက်တစ်ပါတီ (မြန်မာ) နေရာ ၆ဝ ဝင်ရောက်ယှဉ်ပြိုင်မည်  ဒီမိုကရက်တစ်ပါတီ (မြန်မာ) နေရာ ၆ဝ ဝင်ရောက်ယှဉ်ပြိုင်မည် Reviewed by သစ်ထူးလွင် on 07:12 Rating: 5
Powered by Blogger.