ဖားကန့်မှာ ရေကြီးပြန်


ကချင်ပြည်နယ် ဖားကန့်မှာ မိုးသည်းထန်စွာ ရွာသွန်း ခဲ့တဲ့နောက် ရေလွှမ်းမှုတွေ ကြုံနေရကာ ရပ်ကွက် (၅) ခု က အိမ်ခြေ ၃၀၀ ကျော်ဟာ ရေဘေးဒုက္ခ တွေ့နေရပါတယ်။

ဖားကန့် မြို့နယ် ဒု အုပ်ချုပ်ရေးမှူး ဦးမင်းကျော် က ဖားကန့်မှာ အခုရက်ပိုင်းတွေ အတွင်း မိုးသည်းထန်တာကြောင့် ဥရုချောင်းရေ တက်လာပြီး မြို့ထဲက ရပ်ကွက်အနိမ့်ပိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ ကြုံနေရတာလို့ ဆိုပါတယ် ။

ဒေသခံတွေကတော့ ကျောက်တူးတဲ့ ကုမ္ပဏီတွေကနေ စွန့်ပစ်မြေစာတွေကို ဥရုချောင်းထဲ စုပုံတဲ့အတွက် ရေကောင်းကောင်းမစီးဘဲ မိုးရွာတာနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာပြီး ရေကြီးရေလျှံမှုတွေက တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဖားကန့်မှာ ရေကြီးပြန် ဖားကန့်မှာ ရေကြီးပြန် Reviewed by သစ်ထူးလွင် on 10:29 Rating: 5
Powered by Blogger.