အေဒင်မြို့မှာ ဟူသီသူပုန်တွေကို တိုက်ထုတ်နိုင်ခဲ့


 ယီမင်နိုင်ငံမှာ ဆော်ဒီနိုင်ငံကနေ ဦးဆောင်ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီတွေနဲ့ ယီမင် အဝေးရောက်အစိုးရကို လိုလားတဲ့တပ်ဖွဲ့တွေဟာ ရှီယာမွတ်စလင် သူပုန်ဟူသီတွေကို နိုင်ငံတောင်ဘက်ပိုင်း အေဒင်မြို့ကနေ အကုန်အစင်နီးပါး တိုက်ထုတ်နိုင်ခဲ့ပါတယ်။


ဒီစစ်ဆင်ရေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တာဖြစ်ပြီး ဟူသီသူပုန်တွေ အခုလပိုင်းအတွင်းမှာ ပထမဆုံးအကြိမ် မရှုမလှ ဖြစ်ခဲ့ရတာပါ။

ဟူသီသူပုန်တွေဟာ အေဒင်မြို့မှာ ရှိတဲ့ လေယာဉ်ကွင်းနဲ့ သင်္ဘောဆိပ်ကမ်း ဧရိယာအတော်များများ အပါအ၀င် အေဒင်မြို့နေရာ အတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အေဒင်မြို့မှာ ဟူသီသူပုန်တွေကို တိုက်ထုတ်နိုင်ခဲ့  အေဒင်မြို့မှာ ဟူသီသူပုန်တွေကို တိုက်ထုတ်နိုင်ခဲ့ Reviewed by သစ်ထူးလွင် on 19:18 Rating: 5
Powered by Blogger.