ဂရိဘဏ်တွေ ပြန်ဖွင့်


 ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်း ပြဿနာကြောင့် ၃ ပတ်ကြာ ပိတ်ထားခဲ့တဲ့ ဂရိနိုင်ငံက ဘဏ်တွေကို ဒီနေ့ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

အီးယူက ဖြစ်စေချင်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ပြုလုပ်ဖို့ ဂရိအစိုးရက သဘောတူခဲ့ပြီးတဲ့နောက် ဥရောပ ဗဟိုဘဏ်ကလည်း ဂရိဘဏ်တွေကို အရေးပေါ် ရန်ပုံငွေပေးဖို့ သဘောတူညီခဲ့ပြီးတဲ့နောက်မှာ အခုလို ဘဏ်တွေ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပြီး နိုင်ငံခြားကို ငွေသွင်း ငွေထုတ် လွဲပြောင်းတာတွေအပါအ၀င် ကုန်ပစ္စည်း စည်းကြပ်ခွန်တိုးမြှင့်မှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့ ဂရိအစိုးရ ရင်ဆိုင်နေရပါတယ်။

လောလောမှာတော့ ဂျာမနီအစိုးရက ဂရိကို ချေးငွေသစ်တွေ ထပ်မံခွင့်ပြုဖို့ ကိစ္စနဲ့ပတ်သက်ပြီး စီစစ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဂရိဘဏ်တွေ ပြန်ဖွင့်  ဂရိဘဏ်တွေ ပြန်ဖွင့် Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.