တိုက်ပိတ်ခံကျောင်းသားတွေကို တားမြစ်ပစ္စည်းသွင်းယူမှုနဲ့ တရားစွဲ

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
 သာယာဝတီ အကျဉ်းထောင်မှာ ထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ သယ်ဆောင်မှုနဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂နဲ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲလိုက်ပါတယ်။

သာယာဝတီအကျဉ်းထောင်အရာရှိက တိုင်ကြားတဲ့အမှုဖြစ်ပြီး အဲဒီ ပုဒ်မ ၄၂ အရ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ၂ဝဝ သို့မဟုတ် ထောင်ဒဏ် ၆လ အထိ ကျခံရနိုင်တယ်လို့ ဖမ်းဆီးခံထားရသူတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"အင်္ဂလိပ်လက်ထက်က ပြဌာန်းတဲ့ဥပဒေ ပုဒ်မ ၄၂ တားမြစ်ထားတဲ့ပစ္စည်းကို အကျဉ်းထောင်ထဲကို သွင်းလာတဲ့ အတွက်ကြောင့် အကျဉ်းဦးစီးဌာနက အရာရှိကနေပြီးတော့ တရားလိုလုပ်ပြီးတော့ တရားစွဲခြင်းဖြစ်တယ်၊ ၆ လအထိ အပြစ်ဒဏ်ချနိုင်တယ်၊ ဒဏ်ငွေ ၂ဝဝ ချနိုင်တယ်၊ နှစ်ရပ်စလုံးလည်းချနိုင်တယ်၊ တစ်ရပ်ထဲလည်း ချနိုင်တယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန်မှာ ထောင်ဝန်ထမ်းတွေက စစ်ဆေးတဲ့အခါ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်လာတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တွေ့ရှိခဲ့ရာ ဇူလိုင်လ ၁၃ရက်နေ့အထိ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကိုအောင်မြင့်ဟန်၊ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုခန့်အောင်၊ ကိုကျော်စွာလင်း၊ ကိုကျော်ကျော်ထွန်းနဲ့ ကိုဟိန်းဇော်လင်းတို့ဟာ ၁၄ရက်ကြာ တိုက်ပိတ်ခံခဲ့ရတဲ့အပြင် တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂နဲ့ တရားစွဲခံရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုက်ပိတ်ခံကျောင်းသားတွေကို တားမြစ်ပစ္စည်းသွင်းယူမှုနဲ့ တရားစွဲ  တိုက်ပိတ်ခံကျောင်းသားတွေကို တားမြစ်ပစ္စည်းသွင်းယူမှုနဲ့ တရားစွဲ Reviewed by သစ်ထူးလွင် on 21:18 Rating: 5
Powered by Blogger.