ဂရိကယ်ဆယ်ရေး ယူရိုခေါင်းဆောင်တွေ သဘောတူညီမှု ရရှိ


 ဂရိနိုင်ငံကို တတိယအကြိမ်မြောက် ကယ်ဆယ်နိုင်ရေး အစီအစဉ်တွေကို အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ပြီးတဲ့နောက် သဘောတူညီမှု တခုရရှိပြီလို့ ယူရိုငွေကြေးအဖွဲ့ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ ဂရိနိုင်ငံရဲ့ ကြွေးမြီပြဿနာ ဖြေရှင်းရေး နဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရာမှာ မူအရ သဘောတူညီမှု ရရှိပြီး ဂရိနိုင်ငံကို ဆက်လက် ထောက်ပံ့ကူညီသွားမှာဖြစ်တယ်လို့ အီးယူ ဥရောပသမဂ္ဂ ဥက္ကဌ ဒေါ်နယ်လ် တာ့စ်က ပြောကြားပါတယ်။

ဂရိနိုင်ငံ ယူရိုဇုန်ထဲကနေ ထွက်သွားဖို့ ဖြစ်နိုင်ချေတွေနဲ့ ပတ်သက်ပြီးလည်း ထွက်စရာ မလိုတော့ကြောင်း ဥရောပကော်မရှင် အကြီးအကဲ ရန်းကလောက် ရန်ကာက ပြောကြားလိုက်ပါတယ်။

ယူရိုဇုန်ခေါင်းဆောင်တွေ တောင်းဆိုထားတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဂရိအစိုးရက တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။

ဂရိနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ယူရိုဇုန်ခေါင်းဆောင်တွေဟာ ဘရတ်ဆဲလ်မြို့မှာ ၁၇ နာ၇ီကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဂရိကယ်ဆယ်ရေး ယူရိုခေါင်းဆောင်တွေ သဘောတူညီမှု ရရှိ  ဂရိကယ်ဆယ်ရေး ယူရိုခေါင်းဆောင်တွေ သဘောတူညီမှု ရရှိ Reviewed by သစ်ထူးလွင် on 15:37 Rating: 5
Powered by Blogger.