(ဒီကေဘီအေ) နှင့်မြန်မာစစ်တပ် ရင်ဆိုင်တိုက်ပွဲ ပြင်းထန်

ဗိုလ်ကြီးစောသရီးထူး
ဇူလိုင် - ၆ - ၂၀၁၅

ဒီနေ့မွန်းလွဲ ၂ နာရီ ၄၅ မီးနစ်မှာ မြန်မာစစ်တပ်က ကောင်းမှုစခန်းကို လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်တိုက်နေတာ ညနေ ၆ နာရီခွဲအချိန်ထိ ပြီးဆုံးခြင်းမရှိသေးဘူးလို့ ဒီကေဘီအေ က ဗိုလ်ကြီးသရီးထူးက ပြောပါတယ်။

" အခုချိန်ထိတိုက်နေတုံးဘဲ အခုရင်ဆိုင်တိုက်ပွဲ အဆင့်ကို ရောက်နေပါတယ် စကခ ၁၂ မှူးက ကလို့ထူးဝါး စစ်ဗျူဟာကို မရမကသိမ်းယူဘို့ သူ့တပ်တွေကို အမိန့်ပေးထားတယ် ကျနော်တို့ကို ၀ိုင်းတိုက်တဲ့အထဲမှာ ကရင်နယ်ခြားစောင့်တပ်လည်းပါတယ် တိုက်ပွဲကတော့ ကြာလေပြင်းထန်လေဘဲ နေရာက ကောင်းမှုနဲ့စော်ဟဲကြားမှာဖြစ်တယ် " လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ မြ၀တီနဲ့ ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ပင်မလမ်းနှစ်သွယ်ကို ထိန်းချုပ်နိုင်ဘို့အတွက် (ဒီကေဘီအေ) ကလို့ထူးဝါးအခြေချစစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ (ဒီကေဘီအေ) က ပြောပါတယ်။

အခုနောက်ဆုံးရအချိန်ထိတော့ တိုက်ပွဲက အရှိန်ပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်အသံတွေကို အတိုင်းသားကြားနေရတယ်လို့ ကော့ကရိတ်မြို့ ခံတွေက ဆိုပါတယ်။

အခုတိုက်ပွဲဟာ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ တိုက်နေတဲ့တိုက်ပွဲဖြစ်ပြီး ဒီကေဘီအေကို အခြားကရင်လက်နက်ကိုင်အဖွဲ့တွေ ကူတိုက်ပေးတာ လုံးဝမရှိဘူးလို့ ဗိုလ်ကြီးစောသရီးထူးက ကရင်အမျိုးသား(မီဒီယာ) ကို ပြောပါတယ်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)

(ဒီကေဘီအေ) နှင့်မြန်မာစစ်တပ် ရင်ဆိုင်တိုက်ပွဲ ပြင်းထန်  (ဒီကေဘီအေ) နှင့်မြန်မာစစ်တပ် ရင်ဆိုင်တိုက်ပွဲ ပြင်းထန် Reviewed by သစ်ထူးလွင် on 09:18 Rating: 5
Powered by Blogger.