လယ်တောပြန်ရွာသားအား အစိုးရစစ်တပ်ပစ်ခတ်

Photo: ပစ်ခတ်ခံရသည့် ပန်လုံဒေသခံစိုင်းမောင်အား သီပေါဆေးရုံပို့စဉ်
 ဂျူလိုင်လ ၆ ရက် ၂၀၁၅

 အလုပ်မှပြန်လာသည့် နမ္မတူမြို့နယ် ပန်လုံရွာသားအား အစိုးရစစ်တပ်က ပစ်ခတ်သဖြင့် သီပေါမြို့ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း စုံစမ်းသိရရှိရ ပါသည်။

ဂျူလိုင်လ ၄ ရက်နေ့ ည ၇ နာရီအကျော် လယ်တောမှပြန်လာသည့် စိုင်းမောင်နှင့် သူငယ် ချင်းဖြစ်သူတို့အား ပန်လုံဒေသတွင်လှုပ်ရှားနေ သည့် မြန်မာစစ်တပ် တပ်မ ၇၇ လက် အောက်ခံ စစ်ကြောင်းတခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပန်လုံဒေသခံများကပြောသည်။

“ည ၇ နာရီခွဲလောက်မှာ စိုင်းမောင်နဲ့ သူ့သူငယ်ချင်း လယ်တောကပြန် လာတာ။ စိုင်းမောင် က လေသေနတ်ပါတယ်လေ။ သူတို့စကား တပြောပြောနဲ့ တောလမ်းကနေ ရွာကိုလာတာ။ စစ်သားတွေက ရပ်ခိုင်းတာ သူတို့မကြားလိုက်ဘူးတဲ့။ အဲတာနဲ့ စစ်သား တွေက သူတို့ကို ပစ်ထည့် လိုက်တာ စိုင်းမောင်ရဲ့ တင်ပါးကိုထိသွားတယ်။” ဟု အမည်မဖော် လိုသူ ဒေသခံတဦးက ပြော သည်။

ထိုနေ့က မြန်မာစစ်တပ်သည် ပန်လုံအုပ်စုအတွင်းတွင် ဝင်ရောက် စခန်းချခဲ့ကြောင်း အုပ်စု အနီးပတ်ဝန်းကျင်သို့လည်း လုံခြုံရေးအလို့ငှာ အင်အားဖြန့်ကျက်ထားကြောင်း သိရသည်။

စိုင်းမောင် (အသက် ၄၀ ကျော်) သည် ရပ်ကွက် ၃ ပန်လုံအုပ်စု နမ္မတူမြို့ နယ်တွင် နေထိုင်သူတဦးဖြစ်ပြီး လယ်ယာလုပ်ကိုင်စားသောက်နေ သူတဦးဖြစ် ကြောင်း ပန်လုံ အုပ်စုသား ဦးအိုက်စိန် ကပြောသည်။

ထိုညတွင်ပင် ဒဏ်ရာပြင်းထန်သည့်စိုင်းမောင်အား သီပေါမြို့ဆေးရုံသို့ ရွာသားများမှ ပို့ဆောင်ကုသထားသည်ဟုသိရပါသည်။

အဆိုပါဒေသဘက်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ခေါ် ပလောင်တပ်ဖွဲ့တို့ လှုပ်ရှားသွားလာသည့် ဒေသ ဖြစ်သည့်အားလျော်စွာ မြန်မာအစိုးရ တပ်မတော်ကလည်း နယ်မြေစိုးမိုးမှုရရန် အင်အား ဖြည့်လှုပ်ရှားနေခြင်ြး ဖစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

လယ်တောပြန်ရွာသားအား အစိုးရစစ်တပ်ပစ်ခတ်  လယ်တောပြန်ရွာသားအား အစိုးရစစ်တပ်ပစ်ခတ် Reviewed by သစ်ထူးလွင် on 17:41 Rating: 5
Powered by Blogger.