မားစ်ရောဂါကြောင့် တောင်ကိုရီးယား စီးပွားရေးကျဆင်း


 တောင်ကိုရီးယား နိုင်ငံမှာ မားစ်ရောဂါ ဖြစ်ပွားခဲ့မှုနဲ့ နိုင်ငံခြားတင်ပို့ကုန်တွေ ဆက်တိုက်ဆိုသလို ကျဆင်းခဲ့တဲ့အတွက် စီးပွားရေး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ဒီနှစ် ပထမ သုံးလပတ်မှာ ၀.၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဒုတိယ သုံးလပတ်မှာတော့ ၀.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

မားစ်ရောဂါဖြစ်သွားခဲ့တဲ့အတွက် အရောင်းအ၀ယ်တွေနဲ့ အရေးကြီးတဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ကျဆင်းခဲ့ရပြီး ပြည်ပပို့ကုန်တွေ ထိုးကျခဲ့တဲ့အတွက် တောင်ကိုရီးယားဟာ စီးပွားရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကစပြီး မားစ်ရောဂါကြောင့် သေဆုံးသူ ၃၆ ဦးနဲ့ မားစ်ရောဂါ ကူးစက်ခံရသူပေါင်း ၁၈၆ ဦး ရှိနေပြီး ကူးစက်မှုနှုန်းဟာ မျှော်လင့်ထားတာထက် ဆိုးတယ်လို့ ဆိုးလ်မြို့ရှိ Market Force Company ရဲ့ ဥက္ကဌ James Rooney က ဘီဘီစီကို ပြောပါတယ်။

မေလထဲမှာ မားစ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လထဲမှာ ပြည်တွင်းကုန်ပစ္စည်းဝယ်ယူမှုနှုန်း ကျဆင်းခဲ့ပြီး ကမ္ဘာလှည့်ခရီးသွား အရေအတွက်လည်း ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

ဒီနှစ်တတိယ သုံးလပတ်အထိ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် ထိခိုက်နိုင်တယ်လို့ မျှော်လင့်ရပြီး ကမ္ဘာလှည့်ခရီးသွားတွေဟာလည်း ဒီနှစ်နှောင်းပိုင်း ဆောင်းဦးရာသီအစထိ ပုံမှန်ပြန်မဖြစ်နိုင်သေးဘူးလို့ မစ္စတာ Rooney က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မားစ်ရောဂါကြောင့် တောင်ကိုရီးယား စီးပွားရေးကျဆင်း  မားစ်ရောဂါကြောင့် တောင်ကိုရီးယား စီးပွားရေးကျဆင်း Reviewed by THITHTOOLWIN on 12:50 Rating: 5
Powered by Blogger.