အင်းစိန်မြို့နယ်မှာ ဆွဲကြိုးလုယူ ထွက်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး

ဆွဲကြိုးလုယူ ထွက်ပြေးသူအား ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၃

၂.၇.၂၀၁၅ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မထက်ထက်အောင်သည် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော ၎င်း၏ ဖုန်းအရောင်းဆိုင်တွင် တစ်ဦးတည်းရှိနေစဉ် အမျိုးသားတစ်ဦး ရောက်ရှိလာကာ ငွေကျပ် (၃)သောင်းတန် ကီးပက်ဖုန်းတစ်လုံးကို ၀ယ်ယူပြီး ငွေပေးချေသဖြင့် ရေတွက်နေစဉ် ၎င်းအမျိုးသားမှ မထက်ထက်အောင်အား လက်သီးဖြင့်ထိုး၍ လည်ပင်းတွင်ဆွဲထားသော အလေးချိန်(၁)ကျပ်ခွဲသားခန့်ရှိ ကျောက်စိမ်း ဆွဲသီးပါရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုးငွေကျပ်(၁၂)သိန်းခန့်အား ဆွဲဖြတ်လုယူ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်သတင်းရရှိသည်နှင့် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ပြစ်မှုကျူးလွန်သူ အား လိုက်လံရှာဖွေဖမ်းဆီးရာ ၁၅၃၀ အချိန်ခန့်တွင် ကမ်းနားအလယ် ရပ်ကွက်၊ အထက(၄)ကျောင်းဝင်းအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ အင်းစိန်မြို့နယ်နေ ရဲဝင်း၊(၂၉)နှစ် ဖြစ်ကြောင်းသိရှိကာ ၎င်း၏ဘောင်းဘီ အိတ်အတွင်းမှ သက်သေခံရွှေဆွဲကြိုးအား တွေ့ရှိသိမ်းဆည်းရမိခဲ့
ပါသည်။

အမှုမှ လုယက်ခံရသူ မထက်ထက်အောင်တွင် ဦးခေါင်းနှင့်မျက်နှာတို့၌ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ လုယက်မှုကျူးလွန်သူ ရဲဝင်းအား အင်းစိန်မြို့မရဲစခန်း (ပ)၈၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားလုယက်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိ
ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
အင်းစိန်မြို့နယ်မှာ ဆွဲကြိုးလုယူ ထွက်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး  အင်းစိန်မြို့နယ်မှာ ဆွဲကြိုးလုယူ ထွက်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး Reviewed by သစ်ထူးလွင် on 16:13 Rating: 5
Powered by Blogger.