မူဆယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျရာမှ လူငယ်တစ်ဦးသေဆုံး


 မူဆယ် ဇူလိုင် ၂၄

 ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ် မြို့နယ် မိုင်းယု ၁ဝ၅မိုင်၌ ဇူလိုင် ၂၄ ရက် နံနက် ၄ နာရီ က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်းရှိ(Green Luck)ဂရင်းလပ်ဆီဆိုင်ပိုင် အုတ်တံတိုင်း ပြိုကျ ခဲ့ရာ ဒေသခံလူငယ်တစ်ဦး သေဆုံးကြောင်း သိရ သည်။

ဖြစ်စဉ်မှာ မိုင်းယု ၁ဝ၅ မိုင်နေ မောင်ကျော်မင်းသန့် (၁၉ နှစ်)သည် ဆီဆိုင်အုတ်တံတိုင်းကိုအမှီပြု၍ ဆိုင်ကယ် ပြင်ဆိုင် ဖွင့်လှစ်နေထိုင်စဉ် ဇူလိုင် ၂၄ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေများတိုက်စား၍အုတ်တံတိုင်း ပြိုကျပြီး အခင်းဖြစ်သည့် နေရာတွင် သေဆုံးနေကြောင်း သိရသည်။ မိုးရွာသွန်းမှုကြောင့် ယင်းရပ်ကွက်ရှိ မြေနိမ့် ပိုင်းအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် အခက် အခဲများ ကြုံတွေ့နေရသည်။

''ကျွန်မတို့ဒီဒေသမှာ နေထိုင်ခဲ့တာကြာပါပြီ။ အရင်က အခုလိုမိုးရွာပေမယ့် ရေကြီးရေလျှံမှုတွေ မကြုံ ခဲ့ပါဘူး။ အခုကတော့ ၁ဝ၅ မိုင် ကျေးရွာကြီးမဖွံ့ဖြိုးခင် ရပ်ကွက်မှာ ရေစီးရေလာ ကောင်းမွန်ပါတယ်။ ရေမြောင်း တွေပိတ်ဆို့တာလည်း မရှိပါဘူး။ အခုဖွံ့ဖြိုးလာတော့ လူနေစည်ကားတဲ့အတွက် ရေမြောင်းတွေပိတ်ဆို့မှုဖြစ်ပြီး ရေစီးရေလာ မကောင်းတော့ဘူး၊ အခုလို မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ လူသေဆုံးမှုဖြစ်ပေါ်လာတဲ့အထိ မလိုလား အပ်တဲ့ ပြဿနာတွေဖြစ်လာတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

သန့်ရှင်း(၁ဝ၅)မိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျရာမှ လူငယ်တစ်ဦးသေဆုံး  မူဆယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျရာမှ လူငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.