ဖိလစ်ပိုင် ကူးတို့သင်္ဘော တိမ်းမှောက်၊ လူပေါင်း ၃၀ ကျော်သေဆုံး


 ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Leyte ပင်လယ်ကမ်းခြေ အလွန်မှာ ခရီးသည်တင် ကူးတို့သင်္ဘောတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၆ သေဆုံးသွားပါတယ်။

ခရီးသည် ၁၇၃ ယောက်ကိုတင်ဆောင်လာတဲ့ Kim Nirvana ကူးတို့သင်္ဘောဟာ Ormoc ဆိပ်ကမ်းအလွန် ရေပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် ၀န်ထမ်းတွေက ဘီဘီစီကိုပြောကြားခဲ့ပေမယ့် အသေးစိပ် မသိရှိရသေးပါဘူး။

ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ ဥက္ကဌ ဖြစ်သူ Richard Gordon ကတော့ လူပေါင်း ၅၀ ကျော်ကို ကယ်ဆယ်ထားပြီး ပြုစုစောင့်ရှောက်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လူနာတင်ယာဉ်နဲ့ ရေငုတ်သမားတွေကိုလည်း ရှာဖွေကယ်ဆယ်ဖို့ သင်္ဘောမှောက်ရာ နေရာကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

သင်္ဘောဟာ Leyte ကျွန်းရဲ့ အနောက်တောင်ဘက် Cebu ပြည်နယ်ရှိ Camotes ကျွန်းစုဘက်ကိုအသွားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ