လက်ပံတန်းမြို့. ထဲ လမ်းမကြီးပေါ်တွင် လူသတ်မှု့ ဖြစ်ပွား


 ပဲခူးတိုင်း ဒေသကြီး လက်ပံတန်းမြို့လယ်လမ်းမကြီး ပေါ်တွင် ၁၆ ၇ ၂၀၁၅ ရက်နေ့ နံနက် ၈း၃၀ ခန့်တွင် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိ ခဲ့သည် ။

 ကိုနိုင်စိုးနှင့် စည်တော်ကြီး ( ခ ) အောင်စိုးဝင်းတို့သည် ယခင် ခင်မင်ရင်နှီးသော သူင်ာချင်းများဖြစ်ကြတယ် ။

ယခင် နေ့များ တွင် ကိုနိုင်စိုး မှ အောင်စည်ကြီး ( ခ ) အောင်စိုးဝင်းနေအိမ်မှ ဆူးပုတ်ရွက်ခူး ရာ စကားများရာ တစ်ဦးနှင့်တစ်ဦး ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း နာဘမ်း လုံးခြင်း တို့ဖြစ်သဖြင့် ကိုသက်ပိုင် မှာဖြန်ဖြေးပေး ခဲ့ပြီး လူစုခွဲကာ ဆိုင်ကယ်နှင့်ပြန်ရန် ဆိုင်ကယ်မောင်းထွက် စဉ်အောင်စည်ကြီး ( ခ ) အောင်စိုးဝင်းမှာ လမ်းဘေးရှိ သစ်သီးဆိုင် မှ စက်တီး ဓားကိုယူပြီး လိုက်သောအခါ ကိုနိုင်စိုးမှ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ နဘမ်းသတ် ပြီး အောင်စည်ကြီး ( ခ ) အောင်စိုးဝင်းမှာ အသင့်ပါ လာသော ဓားဖြင့် လည်ပင်း သို့ ထိုးလိုက်သဖြင့် ကိုနိုင်စိုး မှာ လည်ပင်းဝဲဘတ်ခြမ်းသို့ ထိုးသွင်း မိကာ အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့သည် ။


ကိုနိုင်စိုး ၏ ဇနီးဖြစ်သူ မဇင်ဇင်စိမ်း မှာ ၄င်း၏ ယောက်ျား သေဆုံး မှုဖြင့် လက်ပံတန်း ရဲစခန်း သို့ သွားရောက် အမှုဖွင့်တိုင်ကြားသဖြင့် ရဲစခန်းမှ ဒု /ရဲမှူး စန်းမြင့် မှ ပ/ ၂၂၃ / ၂၀၁၅. ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အောင်စည်ကြီး ( ခ )အောင်စိုးဝင်း အမှုဖွင့် အရေးယူ နိုင်ဆောင်ရွက်ရှိပြီး ၊ အခင်းဖြစ်နေရာမှ အောင်စည်ကြီး ( ခ ) အောင်စိုးဝင်းမှာ ထွက်ပြေးတိမ်းရှောင်သဖြင့် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။

လက်ပံတန်းမြို့လယ်လမ်းမှကြီးတွင် လူသတ်မှုဖြစ်ပွားရခြင်း သည် လုံခြုံရေး အားနည်းမှုတွေ့ရသည်ဟု မြို့ခံလူ ဖြစ်သောကိုကြင်ငယ် မှ မှတ်ချက်ပေး ပြောဆိုသွားသည် ။

အောင်အောင် - သုံးဆယ်
The Street View
https://www.facebook.com/pages/The-Street-View
လက်ပံတန်းမြို့. ထဲ လမ်းမကြီးပေါ်တွင် လူသတ်မှု့ ဖြစ်ပွား  လက်ပံတန်းမြို့. ထဲ လမ်းမကြီးပေါ်တွင် လူသတ်မှု့ ဖြစ်ပွား Reviewed by သစ်ထူးလွင် on 19:03 Rating: 5
Powered by Blogger.