ဖီဖာဥက္ကဌ ဆပ်ဘလတ်တာကို နိုဘဲလ်ဆုပေးသင့်ကြောင်း ပူတင် ပြော


 ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ထိန်းကျောင်းကိုင်တွယ်ပေးနိုင်ခဲ့မှုကြောင့် ဥက္ကဌကြီး ဆပ်ဘတက်တာသည် နိုဘဲလ်ဆုနှင့်ထိုက်တန်ကြောင်း ရုရှားသမ္မတ ဗလာဒီမြာပူတင် က ဆွစ်ရုပ်သံဌာနတခုနှင့် အင်တာဗျုးတွင် ပြောကြားခဲ့သည်။ ဇူလိုင် ၂၅ ရက်နေ့က စိန့်ပီတာစဘာ့ခ်မြို့တွင် ပူတင်နှင့်တွေဆုံစဉ် အကြီးအကျယ်လာဘ်စားမှုဖြင့် နာမည်ပျက်နေသော ဖီဖာအဖွဲ့၏ဥက္ကဌ ဆပ်ဘလတ်တာက ဖီဖာအနေနှင့် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

“မစ္စတာဘလတ်တာ လတ်တလော ရင်ဆိုင်နေရတာတွေကို ကျွန်တော်တို့အားလုံး သိပါတယ်။ အသေးစိတ်တော့ မပြောလိုတော့ဘူး။ ဒါပေမဲ့ သူတို့ပြောတဲ့ လာဘ်စားမှုကြီးမှာ မစ္စတာဘလတ်တာကိုယ်တိုင် ပါဝင်တာတွေကို ကျွန်တော်အနေနဲ့ လုံးဝ မယုံကြည်ဘူး။ မစ္စတာဘလတ်တာလို အာကစားအဖွဲ့အစည်းကြီးတခုရဲ့ခေါင်းဆောင်တွေကို အထူး အသိအမှတ်ပြုသင့်တယ်။ တကယ်တမ်း ဒီလိုမျိုး ပုဂ္ဂိုလ်တွေကသာ နိုဘဲလ်ဆုနဲ့ထိုက်တန်တာပါ”ဟု ပူတင်က ပြောသည်။

အမေရိကန်၊ ဆွစ်ဇာလန်နှင့် အခြား အေဂျင်စီများက စုံစမ်းစစ်ဆေးနေသော ဖီဖာအရာရှိကြီးများ၏လာဘ်စားမှုထွက်ပေါ်လာပြီးနောက် ဆပ်ဘလက်တာက ရာထူးမှအနားယူမည်ဖြစ်ကြောင်း ယခင်လက ကြေညာခဲ့သည်။ ထို စွပ်စွဲချက်မှာ ဖီဖာ၏ ၁၁၁ နှစ်သမိုင်းတွင်း အဆိုရွားဆုံး အမည်းစက်ဖြစ်သည်။ ဖီဖာအရာရှိအချို့ကို အမှုဖွင့် စစ်ဆေးအရေးယူနေသော်လည်း ဆပ်ဘလတ်တာက ၎င်း၏ပါဝင်မှုနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

အဆိုပါလာဘ်စားမှုကြီးကြောင့် ၂၀၁၈ ရုရှာ ကမ္ဘာ့ဖလားနှင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကျင်းပရေးနှင့်ပတ်သက်ပြီး ပယ်ဖျက်ခံရနိုင်ကြောင်း ပြေဆိုမှုများရှိနေသော်လည်း ရုရှားက ၎င်းပြောဆိုမှုများကို ပယ်ချခဲ့သည်။ ၎င်းလာဘ်စားမှုအရှုပ်တော်ပုံ မေလက ထွက်ပေါ်ခဲ့စဉ်ကလည်း ပူတင်က အမေရိကန်အစိုးရသည် ၎င်းတို့၏တရားစီရင်ပိုင်ခွင့်နယ်ပယ်ကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ အမေရိကန်နှင့်ဗြိတိန် နိုင်ငံတို့သည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားကျင်းပခွင့်ရရေး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်နိုင်ငံများဖြစ်ပြီး
RTS နှင့် အင်တာဗျုးတွင်လည်း ပူတင်က ၎င်း ၂ နိုင်ငံကို ထပ်မံဝေဖန်ခဲ့သည်။

“အခု လာဘ်စားမှုနဲ့ပတ်သက်လို့ သူတို့လုပ်နေပုံက ၂၀၁၈ နဲ့ ၂၀၂၂ ကျင်းပခွင့်ရရေးအတွက် ဆက်ပြီး လုနေတာလားလို့တောင် သံသယ၀င်မိတယ်”ဟု ၎င်းကပြောသည်။

Ref ; the Gurdian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဖီဖာဥက္ကဌ ဆပ်ဘလတ်တာကို နိုဘဲလ်ဆုပေးသင့်ကြောင်း ပူတင် ပြော   ဖီဖာဥက္ကဌ ဆပ်ဘလတ်တာကို နိုဘဲလ်ဆုပေးသင့်ကြောင်း ပူတင် ပြော Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.