မာလာလာ ၁၈ နှစ် ပြည့်ပြီ

အသက် ၁၈ နှစ် ရှိသွားပြီ ဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ (Credit: AFP) 
 နိုဘယ်လ်ငြိမ်းချမ်းရေး ​ဆုရှင် ​Malala ​Yousafzai ​က ​သူ့ရဲ့ ​၁၈ ​နှစ်ပြည့် ​မွေးနေ့ပွဲကို ​ဆီးရီးယား ​အမျိုးသမီးငယ်တွေအတွက် ​ကျောင်းတစ်ကျောင်းဖွင့်ပြီး ​ကျင်းပလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံမှာ ​ရှိပြီး ​ဆီးရီးယား ​ဒုက္ခသည်တွေအတွက် ​ဖွင့်လှစ်တဲ့ ​စာသင်ကျောင်းရဲ့ ​ဖွင့်ပွဲကို ​ကျင်းပပေးခဲ့တာ ​ဖြစ်ပါတယ်။

မာလာလာဟာ ​အမျိုးသမီး ​ပညာရေးအတွက် ​လှုပ်ရှားသူဖြစ်တဲ့အတွက် ​၂၀၁၂ ​ခုနှစ်တုန်းက ​တာလီဘန် ​စစ်သွေးကြွတွေရဲ့ ​လုပ်ကြံမှုကို ​ခံခဲ့ရပါတယ်။

လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ​လူသိ ​ပိုများလာပြီး ​သူ့ရဲ့ ​ပညာရေး ​လုပ်ငန်းကို ​ပိုလုပ်ကိုင် ​လာနိုင်ခဲ့ပါတယ်။

အခုဆိုရင် ​လူပေါင်း ​၂၀၀ ​ဆန့်တဲ့ ​ကျောင်းတစ်ကျောင်းကို ​ဖွင့်ပေးခဲ့တာလည်း ​ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ​အသံကို ​နားထောင်ဖို့ ​မာလာလာက ​ကမ္ဘာ့ခေါင်းဆောင်တွေကို ​တိုက်တွန်းလိုက်ပါတယ်။

မာလာလာက ​သူ့ရဲ့ ​အသံက ​သူ့ရဲ့ ​အသက်နဲ့ ​မဆိုင်တဲ့အကြောင်း၊ ​သူလုပ်ကိုင်တဲ့ ​အလုပ်အကိုင်နဲ့သာ ​သက်ဆိုင်ပြီး ​ဒီမှာရှိတဲ့ ​ကလေးငယ်တွေအတွက်လည်း ​အတူတူပဲ ​ဖြစ်တယ်လို့ ​ပြောသွားခဲ့ပါတယ်။ ​ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ​ကျည်ဆံတွေမှာ ​ရင်းနှီးမြုပ်နှံမယ့်အစား ​စာအုပ်ဖက်မှာ ​ရင်းနှီးမြုပ်နှံဖို့လည်း ​တိုက်တွန်းခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မာလာလာ ၁၈ နှစ် ပြည့်ပြီ  မာလာလာ ၁၈ နှစ် ပြည့်ပြီ Reviewed by သစ်ထူးလွင် on 15:33 Rating: 5
Powered by Blogger.