ကွမ်းယာဆိုးကျိုး ပုံတွေကို ဆိုင်မှာ တင်ဖို့ ကြိုးစား

ပစိဖိတ် ဒေသက ကွမ်းစားသူ တစ်ဦး 
  မြန်မာနိုင်ငံက ​ဆေးလိပ် ​ဗူးခွံတွေမှာ ​ဆေးလိပ်ကြောင့် ​ဖြတ်တတ်တဲ့ ​ရောဂါ ​ဆိုးတွေရဲ့ ​အကြောင်းနဲ့ ​ပုံတွေကို ​တင်ထားသလို ​ကွမ်းယာဆိုင်မှာ ​အလားတူ ​လုပ်ဆောင်ဖို့ ​ကြိုးစားမှုတွေ ​ရှိနေပါတယ်။

People’s ​Health ​Foundation ​(PHF) ​အဖွဲ့က ​ကွမ်းယာဆိုင်တွေမှာ ​ကွမ်းယာကြောင့် ​ဖြစ်တတ်တဲ့ ​ရောဂါဆိုးတွေကို ​ပြသပြီး ​သတိပေးတာတွေ ​လုပ်ဆောင်ဖို့ ​အကြံပြုထားတာကို ​မြန်မာ ​ကျန်းမာရေး ​ဝန်ကြီးက ​စဉ်းစားနေတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဆေးလိပ်လို ​အငွေ့ထွက် ​တာမဟုတ်တဲ့ ​ဆေးရွက်ကြီး၊ ​ဆေးသေး ​အသုံးပြုမှု ​အများဆုံး ​စာရင်းထဲမှာ ​ပါဝင်နေတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

အထူးသဖြင့် ​အမျိုးသားဦးရေ ​တစ်ဝက်လောက်က ​ဆေးရွက်ကြီးတွေ ​ဆေးသေးတွေ ​ပါတဲ့ ​အရာတွေကို ​စားသုံးနေပြီး ​အမျိုးသမီး ​၁၆% ​လည်း ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

ကွမ်းယာကို ​စားတဲ့အတွက် ​ပါးစပ်နဲ့ ​ဆက်စပ်တဲ့ ​ကင်ဆာ ​ဖြစ်ပွားမှုနှုန်းက ​၂၅၀% ​ရှိချိန်မှာပဲ ​ဆေးရွက်ကြီး၊ ​ဆေးသေးတွေပါတဲ့ ​ကွမ်းယာကြောင့် ​ပါးစပ်နဲ့ ​ဆက်စပ်တဲ့ ​ကင်ဆာ ​ဖြစ်ပွားမှုနှုန်းက ​၇၇၀% ​ပိုများတယ်လို့ ​ဆိုပါတယ်။

ကွမ်းယာကြောင့် ​ရောဂါတွေ ​ဖြစ်နိုင်တယ်ဆိုတာ ​သိပေမယ့် ​ကွမ်းဖြတ်ဖို့ ​ခက်ခဲကြတယ်လို့ ​သိရပါတယ်။

ဘေးပတ်ဝန်းကျင်မှာ ​ကွမ်းယာဆိုင်တွေ၊ ​ကွမ်းစားတဲ့ ​လူတွေ ​များလွန်းတာကြောင့်လည်း ​ဖြတ်ဖို့ ​ပိုခက်ခဲတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ ​ကွမ်းအစားများတဲ့အတွက် ​ကွမ်းယာဆိုင်ဖွင့်ရင်း ​သက်တောင့်သက်သာ ​ဘဝ ​နေရတဲ့လူတွေလည်း ​အများအပြားရှိပါတယ်။

ရထားဘူတာမှာ ​ကွမ်းရောင်းတဲ့ ​ဦးမျိုးမြင့်ထွန်းကတော့ ​တစ်ရက်ကို ​ဒေါ်လာ ​၄၀ ​ဖိုးလောက် ​ရောင်းရတယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​တစ်လစာ ​လုပ်အားခက ​ဒေါ်လာ ​၁၀၀ ​လောက်သာ ​ရှိတဲ့အတွက် ​တစ်ရက် ​၄၀ ​ဆိုတာကတော့ ​မနည်းနဲ့ ​ဝင်ငွေ ​ဖြစ်ကြောင်း ​ရိုက်တာ ​သတင်းမှာ ​ပါရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကွမ်းယာဆိုးကျိုး ပုံတွေကို ဆိုင်မှာ တင်ဖို့ ကြိုးစား   ကွမ်းယာဆိုးကျိုး ပုံတွေကို ဆိုင်မှာ တင်ဖို့ ကြိုးစား Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.