ရွှေနန်းထိုက်ရွှေဆိုင် ဖောက်ထွင်းသူ သာကေတမှာဖမ်းမိ

 ရွှေဆိုင်အတွင်းမှ ငွေကျပ်သိန်း(၁၄၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသူကို အချိန်တိုအတွင်း ဖော်ထုတ်အရေးယူ
ရန်ကုန်၊ ဇူလိုင် ၂

၂၇.၆.၂၀၁၅ ရက်နေ့ ၀၉၃၀ အချိန်တွင် ရွှေနန်းထိုက် ရွှေဆိုင်ပိုင်ရှင်သည် ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ၎င်းပိုင်ရွှေဆိုင်မှ ၀န်ထမ်းဖြစ်သူ က ရုံးခန်းအတွင်း၌ ပစ္စည်းများ အနေအထား ပျက်ယွင်းနေကြောင်းဖုန်းဖြင့် အကြောင်းကြားသဖြင့်သွားရောက်စစ်ဆေးရာ ရွှေဆိုင်ရုံးခန်းအတွင်း ထားရှိသော နားကပ်များထည့်ထားသည့် ပုံးအားအပေါ်မှ ခွာထားပြီး အတွင်းမှ ရွှေနားကပ်နှင့်နားဆွဲများ စုစုပေါင်းရွှေအလေးချိန်(၂၀)ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း(၁၄၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းချက်အရ ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၄၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့
ပါသည်။

အမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ပုဇွန်တောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယခင်က ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံဖူးသည့် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်နေ ဖားသိုး(ခ)ဇေလင်းထက်၊ (၂၀)နှစ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်းကို ၃၀.၆.၂၀၁၅ ရက်နေ့ နံနက်တွင် ထူပါရုံ(၁၈)လမ်းထိပ်၌ တွေ့ရှိ
ဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်များအရ အခင်းဖြစ်နေ့ နံနက် ၄ နာရီခန့်က အဆိုပါ ရွှေဆိုင်၏ နောက်ဘက် ပြူတင်းပေါက်အား ချိုးဖျက်ဝင်ရောက်ပြီး အတွင်းရုံးခန်းအတွင်း ထပ်မံဝင်ရောက်၍ ရွှေထည်ပစ္စည်းများအား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှပါဆုံးသွားသည့် ရွှေထည်ပစ္စည်းများအား ၎င်းထံမှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ / မရှိ စစ်ဆေးလျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ရွှေနန်းထိုက်ရွှေဆိုင် ဖောက်ထွင်းသူ သာကေတမှာဖမ်းမိ  ရွှေနန်းထိုက်ရွှေဆိုင် ဖောက်ထွင်းသူ သာကေတမှာဖမ်းမိ Reviewed by သစ်ထူးလွင် on 17:10 Rating: 5
Powered by Blogger.