ဓာတ်တိုင်ဝင်တိုက် ယာဉ်တိမ်းမှောက်


 မန္တလေး ဇူလိုင် ၂၂

 မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ရန်ကုန်-မန္တလေးလမ်း တံခွန် တိုင်တမာတန်းတွင် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီကမြို့တွင်းမှမောင်းနှင် လာသော တိုယိုတာ ကာဒီနာ ယာဉ်အမှတ် 9C/---- မှာ လမ်းကွေ့ တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက်ဘေးရှိ ဓာတ်တိုင်ကိုတိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအား သက်ဆိုင်ရာက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်းကိုယ်ပွား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဓာတ်တိုင်ဝင်တိုက် ယာဉ်တိမ်းမှောက်  ဓာတ်တိုင်ဝင်တိုက် ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.