တူရကီဗုံးခွဲမှု သေဆုံးသူတွေရဲ့ ဈာပနကျင်းပ


 တူရကီအရှေ့တောင်ပိုင်းက ဆိုရူ့ခ်ျမြို့မှာတော့ တနင်းလာနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ ဈာပနအခမ်းအနားမှာ လိုက်ပါပို့ဆောင်သူတွေက ဒေါသနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဝမ်းနည်းငိုကြွေးနေကြတဲ့ လိုက်ပါပို့ဆောင်သူတွေဟာ တူရကီအစိုးရကို ပြစ်တင်ဝေဖန် အော်ဟစ်ခဲ့ကြပြီးတော့ ဆီးရီးယားက အစ္စလမ်မစ်နိုင်ငံတပ်ကို တူရကီအစိုးရက အားပေးအားမြှောက်လုပ်နေတယ်လို့ သူတို့က စွပ်စွဲကြပါတယ်။

ဒီဖောက်ခွဲမှုကို အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံတပ်တွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။

အိုင်အက်စ်တွေ လက်ထဲကနေ ကိုဘာနီမြို့ကို ပြန်သိမ်းနိုင်ခဲ့တဲ့ ကဒ်တပ်တွေနဲ့ ချိန်ခွင်လျှာညှိနိုင်ဖို့ တူရကီအစိုးရက အိုင်အက်စ်တပ်တွေကို သုံးချင်နေတယ်လို့ ဈာပနပို့ဆောင်သူတွေက ယူဆနေကြောင်း အဲဒီက ဘီဘီစီ သတင်ထောက်က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တူရကီဗုံးခွဲမှု သေဆုံးသူတွေရဲ့ ဈာပနကျင်းပ  တူရကီဗုံးခွဲမှု သေဆုံးသူတွေရဲ့ ဈာပနကျင်းပ Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.