မိုးကောင်းနှင့် နမ္မတီးကြားတွင်ရှိသော ပြည်ထောင်စု ကားလမ်းမကြီး ရေကျော်ပြီးလမ်းပိတ်ဆို့


 မိုးကောင်း ဇူလိုင် ၂၄

 ကချင်ပြည်နယ်တွင် မိုးများရွာသွန်းလျက်ရှိရာ မိုးကောင်းမြို့နယ် သူဌေးကုန်းရွာအနီးရှိ လယ်ကွင်းများတွင် မိုးရေစီးဆင်းမှု များပြားနေသဖြင့် မိုးကောင်းနှင့် နမ္မတီးကြားတွင်ရှိသော သူဌေးကုန်းရွာအနီးရှိ ပြည်ထောင်စု လမ်းမကြီး ရေကျော်မှုဖြစ်ပွားကာ လယ်ကွင်းထွက်ပေါက်ရေများ များပြားလာကာ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီမှ ည ၇ နာရီအထိ ကားများ ဖြတ်သန်းသွားလာ၍မရဘဲ ယာဉ်များ ပိတ်မိနေကြောင်း သိရသည်။

''ကားတွေ ပိတ်မိနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သူဌေးကုန်းရွာနားမှာ လယ်ကွင်းထွက်ပေါက်ရေတွေက များလွန်းတော့ ကားတွေဖြတ်မရအောင် လမ်းတွေ ရေကျော်နေပါတယ်၊ ဒီညမှာလည်း လမ်းမပွင့်နိုင်သေးပါဘူး'' ဟု နမ္မတီးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ကားလမ်းရေကျော်နေသောနေရာသည် ချောင်းများမရှိသော်လည်း မိုးရွာသည့်ရက်များမှာ ရက်ရှည်ဖြစ်လာသောကြောင့် လယ်ကွင်းများမှ စီးဆင်းလာသော ရေများသည် ပြည်ထောင်စုကားလမ်းမကြီးကို ဖြတ်ကျော်စီးဆင်းကာ လမ်း၌ ရေများပိတ်မိနေကြောင်း သိရသည်။

သန်းမောင်လေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးကောင်းနှင့် နမ္မတီးကြားတွင်ရှိသော ပြည်ထောင်စု ကားလမ်းမကြီး ရေကျော်ပြီးလမ်းပိတ်ဆို့   မိုးကောင်းနှင့် နမ္မတီးကြားတွင်ရှိသော ပြည်ထောင်စု ကားလမ်းမကြီး ရေကျော်ပြီးလမ်းပိတ်ဆို့ Reviewed by THITHTOOLWIN on 02:49 Rating: 5
Powered by Blogger.