အိန္ဒိယတွင် မြေပြို၊ လူ ၃ဝ ထက်မနည်း သေဆုံး


ဒါဂျီလင် ဇူလိုင် ၁

အိန္ဒိယနိုင်ငံ၏ လက်ဖက်စိုက်ပျိုး သော ဒါဂျီလင်ဒေသတွင် မိုးသည်း ထန်စွာရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၃ဝ သေဆုံး ကြောင်း ရဲတပ်ဖွဲ့က ယနေ့ပြောကြား ခဲ့သည်။

အနောက်ဘင်္ဂလားပြည်နယ်ရှိ မီရစ်၊ ကာလင်ပေါင်နှင့် ဒါဂျီလင်မြို့ များ၌ နေအိမ်များကို ရွှံ့ညွန်များ ဖုံးအုပ်သွားခဲ့ရာ ကယ်ဆယ်ရေး သမားများက ရွှံ့ညွန်များ၊ အပျက် အစီးများကို တူးဆွလျက် အသက်ရှင် သူများကို ရှာဖွေလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

ရွှံ့ညွန်နှင့် အပျက်အစီးပုံများ အောက်၌ ပိတ်မိလျက်ရှိသည့် လူများ မှာ သေဆုံးသွားဖွယ်ရာ ရှိသည်ဟု ယူဆရသည်။

လမ်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများမှာလည်း ပျက်စီးသွား ခဲ့သည်ဟု တာဝန်ရှိသူများက ပြော သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ