မြန်မာပြည် အထက်ပိုင်း ရေကြီးမှုအတွင်း လတ်တလော လူ ၈ ဦးသေ

စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာလည်း ရေတွေ ဝင်လာပြီး ဆည်အသေးတွေ ကျိုးကုန် 
 မြန်မာပြည် အထက်ပိုင်း ရေကြီးမှုတွေအတွင်း သပိတ်ကျင်းမြို့နယ်မှာ လတ်တလော လူ ၈ ဦး သေဆုံးပြီး ကျွဲနား အကောင်ရေ ၂၀ ကျော် ပျောက်ဆုံးနေပါတယ်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်၊ ဒေါင်းပုန်း၊ တောင်လယ်နဲ့ သီးကုန်းရွာတွေမှာ တောင်ကျ ချောင်းရေတွေ များပြီး ရွာတွေထဲ ရေတွေ လျှံတက်လာခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာလည်း မနေ့ညကရေလျှံပြီး မြေပြိုမှုတွေ ဖြစ်ခဲ့သလို သီပေါ နမ့်ဆမ် ကားလမ်းပိုင်းမှာလည်း တံတားတခုကျိုးခဲ့တဲ့အတွက် အသွားအလာတွေ ရပ်တန့်ထားရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာလည်း အရင်ရက်က ရေမဝင်သေးတဲ့ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်က ကျေးရွာ ၆ ရွာထက် မနည်းမှာလည်း စနေနေ့ ညနေပိုင်းက ရေတွေ ဝင်လာပြီး ဆည်အသေးတွေ ကျိုးကုန်တယ် လို့ ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြန်မာပြည် အထက်ပိုင်း ရေကြီးမှုအတွင်း လတ်တလော လူ ၈ ဦးသေ  မြန်မာပြည် အထက်ပိုင်း ရေကြီးမှုအတွင်း လတ်တလော လူ ၈ ဦးသေ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.