ကျူးဘားနဲ့ ကန်တို့ သံရုံးပြန်ဖွင့်မယ်

အမေရိကန် သမ္မတ ဘာရက် အိုဘားမားနဲ့ ကျူးဘား သမ္မတ Raul Castro (Credit: Reuters) 
အမေရိကန်နဲ့ ​ကျူးဘားနိုင်ငံအကြား ​ဆက်ဆံရေး ​ပြန်လည် ​ကောင်းမွန်လာပြီးနောက် ​သံရုံးတွေကို ​ဖွင့်လှစ်ကြဖို့ ​သဘောတူခဲ့ကြပါတယ်။

နှစ်ပေါင်း ​၅၀ ​ကြာ ​အမေရိကန်နဲ့ ​ကျူးဘားနိုင်ငံအကြား ​တင်းမာမှုတွေ ​ဖြစ်ခဲ့ပေမယ့် ​အခုအခါမှာတော့ ​အမေရိကန် ​နိုင်ငံ ​ဝါရှင်တန်မှာ ​ကျူးဘားသံရုံးကို ​ထားရှိပြီး ​ကျူးဘားနိုင်ငံ ​ဟာဗားနား ​မှာ ​အမေရိကန် ​သံရုံးထားရှိဖို့ ​သဘောတူကြတာပါ။

ဒီကိစ္စကို ​ဗုဒ္ဓဟူးနေ့မှာ ​တရားဝင် ​ကြေညာသွားဖို့ ​ရှိတယ်လို့ ​အမေရိကန် ​အစိုးရ ​အရာရှိတစ်ယောက်ကပြောပြီး ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​သမ္မတ ​အိုဘားမားက ​မိန့်ခွန်းပြောဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

ဒါဟာ ​သမ္မတ ​အိုဘားမားအတွက် ​နိုင်ငံခြားရေးရာ ​ပေါ်လစီနဲ့ ​ပတ်သက်ပြီး ​ချီးမြင့်ထိုက်တဲ့ ​အောင်မြင်မှု ​တစ်ခု ​ဖြစ်တယ်လို့ ​သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ​ဧပြီလကစပြီး ​အမေရိကန်နဲ့ ​ကျူးဘားတို့အကြား ​ပထမဆုံးအကြိမ် ​တွေ့ဆုံမှု ​လုပ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ​သင့်မြတ်မှု ​ရှိအောင် ​ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်က ​ကြားနေအဖြစ် ​ဆောင်ရွက်ပေးခဲ့တာတွေ ​ရှိတဲ့အတွက် ​ပုပ်ရဟန်းမင်းကြီးကို ​ကျေးဇူးတင်ကြောင်းလည်း ​ကျူးဘားနိုင်ငံ ​ခေါင်းဆောင်က ​ပြောဆိုခဲ့ဖူးပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကျူးဘားနဲ့ ကန်တို့ သံရုံးပြန်ဖွင့်မယ်  ကျူးဘားနဲ့ ကန်တို့ သံရုံးပြန်ဖွင့်မယ် Reviewed by သစ်ထူးလွင် on 20:20 Rating: 5
Powered by Blogger.