ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည့် ၈၈ ငြိမ်း/ပွင့် ဦးကိုကိုကြီး အား ပထမရုံးချိန်းတွင် တရားရုံးမှ ချက်ချင်း ပြစ်ဒဏ်ချမှတ်


 ၈၈ငြိမ်း/ပွင့် မှ ဦးကိုကိုကြီးကို စွဲဆိုထားသည့် အမှုအတွက် အပြီးသတ် အမိန့် အဖြစ် ထောင်ဒဏ် ၂၁ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သော်လည်း ဦးကိုကိုကြီး က ထောင်ဒဏ် ၂၁ရက်သာကျခံမည်ဖြစ်ကြောင်းသိရသည်။

သို့သော် ဦးကိုကိုကြီးကို ရွေးကောက်ပွဲဝင်စေလိုသည့် အမည်မဖော်လိုသူ တစ်ဦး က ငွေဒဏ် တစ်သောင်းကျပ်ကိုကြားဝင်ပေးဆောင်ခဲ့ကြောင်း ၄င်းကိစ္စနှင့် ပတ်သက်၍ ၈၈ ရုံးခန်းတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ဦးကိုကိုကြီးကပြောသည်။

ယနေ့အမိန့်ချမည့်ရုံးချိန်းရက်တွင် တရားသူကြီးက ဦးကိုကိုကြီးနှင့် အဖွဲ့ရောက်ရောက် ချင်းပင် အမိန့်ချပေးလိုက်ပြီး၊ ဦးကိုကိုကြီးကလည်းငွေ ဒဏ် ထက် ထောင်ဒဏ် ကိုသာ ရွေးချယ်ကြောင်းတရားခွင်တွင်ပင်ချက် ချင်းတုံ့ပြန်တင်ပြခဲ့သည်။

ဦးကိုကိုကြီးသည် တောင်ဥက္ကလာပ ကလေးကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီ က သိမ်းယူသည့် အတွက် ဆန္ဒပြသည့် ကိစ္စဖြင့် တရားစွဲဆိုခံထားရသဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ယနေ့ ပထမရုံးချိန်းတွင် အပြီးသတ် အမိန့်ချခြင်းဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ ကလေးကစားကွင်း အား ပြည်ခိုင်ဖြိုးပါတီက သိမ်းယူပြီး တိုက်ခန်းဆောက်လုပ်ထားမှု ၂၀၁၄ခုနှစ်က ဒီဇင်ဘာလအတွင်း ဆန္ဒဖော်ထုတ်ရာခဲ့ခြင်း အား တောင်ဥက္ကလာပရဲစခန်းမှ ဇွန်လ ၅ရက်က ပုဒ်မ-၁၉ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သတင်းထောက် - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည့် ၈၈ ငြိမ်း/ပွင့် ဦးကိုကိုကြီး အား ပထမရုံးချိန်းတွင် တရားရုံးမှ ချက်ချင်း ပြစ်ဒဏ်ချမှတ်  ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည့် ၈၈ ငြိမ်း/ပွင့် ဦးကိုကိုကြီး အား ပထမရုံးချိန်းတွင် တရားရုံးမှ ချက်ချင်း ပြစ်ဒဏ်ချမှတ် Reviewed by THITHTOOLWIN on 15:09 Rating: 5
Powered by Blogger.