မန္တလေး၌ ယာဉ်တိုက်မှုဖြစ်


 မန္တလေး ဇူလိုင် ၂ဝ

 မန္တလေးတိုင်းဒေသကြီး ချမ်း အေးသာစံမြို့နယ် ၇၁ လမ်းနှင့် ၃၁ လမ်းဆုံတွင် ဇူလိုင် ၁၉ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသမီးတစ်ဦး မောင်းနှင်လာသော 5H/--- အိမ်စီး ကားနှင့်တောင်မှမြောက်သို့ အမျိုး သားတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ စီးနင်းလာသည့် ၁၂/ ---- ဆိုင် ကယ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ရာ ကလေးငယ်မှာ ဒဏ်ရာမရရှိဘဲ ဖခင်ဖြစ်သူမှာ ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ရာ သက်ဆိုင်သူ များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူက ဆက်လက်စစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။

တင်မောင် (မန်းကိုယ်ပွား)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန္တလေး၌ ယာဉ်တိုက်မှုဖြစ်  မန္တလေး၌ ယာဉ်တိုက်မှုဖြစ် Reviewed by THITHTOOLWIN on 02:51 Rating: 5
Powered by Blogger.