ဖုန်းအားသွင်းစဉ် ဓာတ်လိုက်သေဆုံး


မန္တလေး ဇူလိုင် ၂၆

ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့သည် မန္တလေး ဆေးရုံကြီးသို့ ဓာတ်လိုက်သေဆုံးသည့် အမျိုးသားတစ်ဦး ရောက်ရှိလာကြောင်း သတင်းအရ ဇူလိုင်၂၃ရက်
ညနေ ၅ နာရီက သွားရောက်စစ်ဆေးခဲ့သည်။

ကျော်အောင်ထက် ၂၂ နှစ် ဆေးသုတ်လုပ်သားသည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်ရှိ ဦးအေးကျော် (၆ဝ နှစ်)စိုက်ပျိုးရေး ဦးစီးမှူး ပလိပ်မြို့နေသူ၏ အာစီနှစ်ထပ်တိုက် ပထမထပ်တွင် ဆေးသုတ်နေရာမှ ဘုရားစင်ပေါ်တွင်တင်ထားသော မီးပလပ်ခုံတွင် ဖုန်းအားသွင်းစဉ် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ဓာတ်လိုက်သေဆုံးခဲ့သဖြင့် အမှတ်(၁၁) နယ်မြေရဲစခန်းကသေမှု၊ သေခင်းအမှတ်စဉ် ၈/၂ဝ၁၅ ရေးဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဖုန်းအားသွင်းစဉ် ဓာတ်လိုက်သေဆုံး  ဖုန်းအားသွင်းစဉ် ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.