နိုင်ဂျီးရီးယား ရေနံပိုက်လိုင်းပေါက်ကွဲ အနည်းဆုံး ၁၂ ဦးသေဆုံး


အဘူဒါဘီ ဇူလိုင် ၁၁

နိုင်ဂျီးရီးယားနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် အီတလီအခြေစိုက် ရေနံကုမ္ပဏီတစ်ခုက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်စဉ် ရေနံပိုက်လိုင်း ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၂ ဦး သေဆုံးသွားကြောင်း တာဝန်ရှိ သူများ ကပြော သည်။

အဆိုပါဖြစ်စဉ်သည် နိုင်ဂျီးရီးယားတောင်ပိုင်း ဘာရီဆာပြည်နယ် အဇူဇူမားမြို့အနီး ဘီဘိုက်ဒါ့ဘား ကလောက်ချောင်းပေါ်ရှိ ရေနံပိုက်လိုင်းကို အီတလီအခြေစိုက်အီနီကုမ္ပဏီက ဇူလိုင် ၉ ရက်က ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရေနံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူအလောင်းလေးလောင်းကို သောကြာနေ့က အဆိုပါမြစ်အတွင်း မျောပါလာသည်ကိုတွေ့ရကြောင်း၊ သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။ သို့သော်လည်း အနည်းဆုံး ၁၂ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း၊ ဒဏ်ရာရသူသုံးဦးရှိကြောင်း အဆိုပါရေနံကုမ္ပဏီက ပြောသည်။

ပျက်စီးနေသော ရေနံပိုက်လိုင်းကို ပြုပြင်မှုဆောင်ရွက်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အီနီကုမ္ပဏီသည် နိုင်ဂျီးရီးယားနိုင်ငံပိုင် အမျိုးသားရေနံဓာတုကော်ပိုရေရှင်းနှင့် ဖက်စပ်လုပ်ကိုင်နေ ခြင်းဖြစ်သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နိုင်ဂျီးရီးယား ရေနံပိုက်လိုင်းပေါက်ကွဲ အနည်းဆုံး ၁၂ ဦးသေဆုံး  နိုင်ဂျီးရီးယား ရေနံပိုက်လိုင်းပေါက်ကွဲ အနည်းဆုံး ၁၂ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 07:14 Rating: 5
Powered by Blogger.