(ဒီကေဘီအေ) ကော့ကရိတ်မြို့  ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောသရဲနီ ဖမ်းဆီးခံရ

(ဒီကေဘီအေ) ကော့ကရိတ်မြို့ နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောသရဲနီ ။
ဇူလိုင် - ၁၃ - ၂၀၁၅

(ဒီကေဘီအေ) ကော့ကရိတ်မြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဗိုလ်မှူးစောသရဲနီနဲ့ နောက်ပါစစ်သည်တဦး ဘီလင်းမြို့မှာ အဖမ်းခံရပြီး ပျောက်နေတယ်လို့ သူတို့အဖွဲ့က တပ်မှူးတဦးက မီဒီယာသမားတွေကို ဒီနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

ဆေးကုသမှုခံယူနေတဲ့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကို ရန်ကုန်မှာသွားတွေဘို့နဲ့ ဆေးဘိုးဝါးခတွေ သွားပေးဘို့အတွက် မနေ့ နေ့လည်ပိုင်းက ကော့ကရိတ်ကနေ ထွက်သွားတာဖြစ်ပြီး မွန်းလွဲ ၃ နာရီလောက်က ဘီးလင်းမြို့ မှာ အဖမ်းခံရတာလို့ ပြောဆိုတာ ဖြစ်ပါတယ်။

ဒီကေဘီအေက ဘီလင်းရဲစခန်းကို မေးကြည်တော့ မနေ့ညနေ ၃ နာရီလောက်က (ဒီကေဘီအေ) က လူနှစ်ယောက်ကို ဖမ်းထားတာ ဟုတ်တယ်လို့ ပြောဆိုပေမဲ့ အခုဖမ်းခံရတဲ့လူတွေ ဘယ်ရောက်သွားမှန်မသိဘူးလို့ ပြန်ဖြေတဲ့ အကြောင်းကို အဲဒီတပ်မှူးကဘဲ ဖြည့်စွက်ပြောဆိုပါတယ်။

သူတို့ ဆက်တံရေးရုံးတာဝန်ခံ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြန်လည် လွတ်မြောက်လာဘို့ အတွက် အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုနေတယ်လို့ (ဒီကေဘီအေ) ကဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen

(ဒီကေဘီအေ) ကော့ကရိတ်မြို့  ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောသရဲနီ ဖမ်းဆီးခံရ (ဒီကေဘီအေ) ကော့ကရိတ်မြို့  ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောသရဲနီ ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 17:43 Rating: 5
Powered by Blogger.