အင်းတော်မြို့နယ်အတွင်း မိုးသည်းထန်မှုကြောင့် တံတားများနှင့် ဓာတ်တိုင်များပျက်စီး


 အင်းတော် ဇူလိုင် ၂၄

 စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာရွာ သွန်းမှုများကြောင့် နန့်စီးအောင် ရဲကင်း စခန်းအပိုင်နယ်မြေအတွင်းရှိ တံတားများနှင့် ဓာတ်တိုင်များ ပျက်စီး သွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက်က နန့်စီအောင် ရဲကင်းစခန်းအပိုင် နယ်မြေအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပလင်ကျေးရွာ သာယာကုန်း ကျေးရွာပေကုန်းကျေးရွာ၊ မြိုင်သာယာ ကျေးရွာ၊ ဟောင်းတုံးကျေးရွာများနှင့် မံဟဲကျေးရွာများသို့ ကျေးရွာချင်း အလိုက် ဆက်သွယ်ထားသော ပေ ၂ဝဝ ကျော်ခန့်ရှိ သစ်သားတံတား နှင့်ပေကုန်းကျေးရွာနှင့် မြေပလင် ကျေးရွာသို့ ဆက်သွယ်ထားသော ပေ ၄ဝ ခန့်ရှိ သစ်သားတံတားများမှာ လေးတန်ချောင်း ရေလျှံမှုကြောင့် ရေထဲမျောပါမှု ဖြစ်ပွားခဲ့ပြီး ပေကုန်း ကျေးရွာနှင့်မြေပလင်ကျေးရွာကြား လေးတန်ချောင်း ကမ်းနံဘေးရှိ ဓာတ်တိုင် ခြောက်တိုင်သည် ကမ်းပါး ပြိုကျမှုကြောင့် လဲကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။


အင်းတော်မြို့၌ အနိမ့်ပိုင်းတွင် ကျရောက်သည့် ချောင်းကမ်းနံဘေးရှိ အောင်မင်္ဂလာရပ်ကွက်၊ မော်လူး ကျေးရွာ၊ မဲဇာကျေးရွာများအတွင်း ၌ ရေနှစ်ပေခန့် ဝင်ရောက်လျက်ရှိပြီး ရေမျောပါသွားသည့် တံတားများမှာ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်းပေါ်ရှိတံတားများ မဟုတ် ဘဲ ကျေးရွာချင်းဆက် တံတားများ ဖြစ်သောကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခြင်းမရှိသဖြင့် အဆင်း၊ အတက် ကားများ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဦးရဲ(ကသာ)
ဓါတ်ပုံ - MOI
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်းတော်မြို့နယ်အတွင်း မိုးသည်းထန်မှုကြောင့် တံတားများနှင့် ဓာတ်တိုင်များပျက်စီး   အင်းတော်မြို့နယ်အတွင်း မိုးသည်းထန်မှုကြောင့် တံတားများနှင့် ဓာတ်တိုင်များပျက်စီး Reviewed by THITHTOOLWIN on 02:51 Rating: 5
Powered by Blogger.