ဦးအောင်သောင်းကွယ်လွန်


  ဦးနှောက်သွေးကြောပေါက်သဖြင့် စင်္ကာပူနိုင်ငံ တွင်ဆေးကု သမူ့ ခံယူေ နသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည်ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့် တွင်ကွယ်လွန်သွား ပြီ ဖြစ် ကြောင်းမိသားစုဝင်များထံမှသတင်းရရှိပါတယ်။

ဦးနှောက်သွေးကြောပေါက်သဖြင့် ဇူလိုင်လ ၉ ရက်နေ့ တွင်စင်္ကာပူနိုင်ငံသို့ ဆေးကုသရန်သွားရောက်ခဲ့ ပြီး ဇူလိုင်လ ၂၃ ရက်နေ့ တွင် စင်္ကာပူဆေးရုံ၌ ကွယ်လွန်ခဲ့တာပါ။

ဦးအောင်သောင်းဟာ န၀တအစိုးရလက်ထက်တွင်စက်မူ( ၁ ) ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူဖြစ်သလို့ သြဇာကြီးမားသော ၀န်ကြီးတစ်ဦးလဲဖြစ်ပါတယ်။

၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်ခံပြီးအနိုင်ရရှိခဲ့ပါတယ်။

ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ်ဒီဇင်ဘာ ၁ ရက်နေ့ တွင်မွေးဖွါးခဲ့ပြီးလာမည့် ဒီဇင်ဘာလ တွင် အသက် ၇၅ နှစ်ပြည့်မှာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဦးအောင်သောင်းကွယ်လွန်   ဦးအောင်သောင်းကွယ်လွန် Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.