သူနာပြု အကူအလုပ်ဖြင့် စင်ကာပူအိမ်များသို့ တစ်ဦးတည်း သွားရောက် လုပ်ကိုင်ခြင်းကို ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုဟုဆို


စင်္ကာပူနိုင်ငံသို့ သူနာပြုအကူ လုပ်ငန်း သွားရောက်လုပ် ကိုင်ရာ တွင် ဆေးရုံကြီးများ၌ အုပ်စုလိုက်သွားရောက် လုပ်ကိုင်ခွင့်ပြုပြီး အိမ်များတွင် တစ်ဦးချင်းသွားရောက် လုပ်ကိုင်ခြင်း အား ပြည်ထောင် စုဝန်ကြီးက ခွင့်မပြုထားကြောင်း ပြည်ပအလုပ် အကိုင် ရှာဖွေရေး အေဂျင် စီ အသင်းချူပ်မှ ဦးကိုလေးမှ The Ladies သို့ ဇူလိုင် ၆ရက်က ပြောသည်။

ဇူလိုင်၃ရက်က နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီး ၊ ညွှန်ချှုပ်၊ ညွှန်မှုးများ၊အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ MOEAF နှင့်အေဂျင်စီများ ပါဝင်သောလုပ် ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်ရာတွင် ပြောခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်ပသို့ အိမ်အကူလုပ်သား များ စေလွှတ်ခြင်း အား ဝေဖန်မူများထွက်ပေါ်ပြီးနောက် အိမ်အကူစေလွှတ် ခွင့်ပိတ်ထားပြီး သူနာပြုအကူလုပ်ငန်းသည်လည်း မူလက သွားရောက်လုပ် ကိုင်ခွင်ပေးရာ တွင် ဆေးရုံများတွင်သာ အကူအနေဖြင့် လုပ်ကိုင်ခွင့်ပေးထားပြီး အထူးသူနာပြုအကူအနေဖြင့် တစ်ဦးခြင်း လုပ်ကိုင်ခွင့်မပေး ရခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။

ဦးကိုလေးက``အသင်းချူပ်နဲ့ အလုပ်သမား၊အလုပ် အကိုင်နှင့် လူမှုဖုံလုံရေးဝန်ကြီးတွေဆုံတုန်းက အစည်းအဝေးမှတ်တမ်းလိုက် ယူတာမှတ်တမ်းပေးတာဖြစ်တယ်။ စင်္ကာပူမှာရှိတဲ့ဆေးရုံတွေ ကို အဖွဲ့လိုက်ပဲလုပ်ခွင့်ပေးမှာဖြစ်တယ်။တစ်ဦးခြင်းတစ်ယောက်ခြင်း အိမ်တွေ မှာ သီးသန့်သူနာပြုအကူပုံစံမျိုး အကြီးအကျယ် ပြုစုတာတွေမျိုးကို ခွင့်မပြုပေးထားပါဘူး´´ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ``စင်ကာပူသို့သူနာပြုအကူ အလုပ် လုပ်ခွင့်ပြုပေး မည်။သို့သော် အဖွဲ့လိုက် ဆေးရုံ များတွင် တာဝန်ထမ်းဆောင်ရမည်။ အိမ်များတွင် တဦးချင်း သွားရောက် လုပ်ကိုင်ခွင့်မပြုပါ။ အိမ်အကူလုပ်သားအဖြစ် အသွင်ပြောင်းခေါ်ယူခြင်း ကို တားဆီးရန်ဖြစ်ပါကြောင်း ´´ ၀န်ကြီးပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မြန်မာမိသားစု များအတွက် မြန်မာအိမ်အကူလုပ်သား လိုအပ်လာလျှင် ခွင်ြ့ပုပေးရန် စဉ်စားပေးမည်ဖြစ်ကြောင်း ယခင် သွားရောက်လုပ်ကိုင်ပြီး လက်ရှိတွင် ဆက်လက်လုပ် ကိုင်နေ သည့် မြန်မာ အိမ်အကူလုပ်သားများအား နေရပ် သို့ ပြန်လာခြင်းအပေါ်တားဆီးခြင်းမပြုလုပ်ရန် နှင့် အိမ်ရှင်ထံမှ ခွင်စာပြပြီး ပြန်လည် ထွက်ခွာခွင့် ကို ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

စင်္ကာပူနိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကြီးတစ်ခု ထုတ်ပြန် ထားချက်အရ စင်္ကာပူနိုင်ငံ တွင် မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်သည့် အိမ်အကူလုပ်သား နှစ်သောင်းကျော်ခန့်ရှိကြောင်း ၂၀၁၃ခုနှစ်ကုန် ပိုင်း ထုတ်ပြန်ထားချက်အရ သိရသည်။

သတင်း-စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
သူနာပြု အကူအလုပ်ဖြင့် စင်ကာပူအိမ်များသို့ တစ်ဦးတည်း သွားရောက် လုပ်ကိုင်ခြင်းကို ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုဟုဆို   သူနာပြု အကူအလုပ်ဖြင့် စင်ကာပူအိမ်များသို့ တစ်ဦးတည်း သွားရောက် လုပ်ကိုင်ခြင်းကို ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုဟုဆို Reviewed by သစ်ထူးလွင် on 22:12 Rating: 5
Powered by Blogger.