ရန်ကုန်လှိုင်ရိပ်မွန်အိမ်ရာတွင် လက်နက်များဖမ်းဆီးရမိ၊ မန္တလေး လက်နက်ဖမ်းဆီးမှု၏ နောက်ဆက်တွဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်


ရန်ကုန် ဇူလိုင် ၃

မန္တလေးမြို့အတွင်း ဇွန် ၂၇ ရက်ကသေနတ်နှင့် ဆက်စပ်ပစ္စည်း ၄ဝကျော်ဖမ်းဆီးရမိမှု နောက်ဆက် တွဲစစ်ဆေးချက်များအရ ယခုလ ၁ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ် အတွင်းရှိ လှိုင်ရိပ်မွန်အိမ်ရာကို ဝင် ရောက်ရှာဖွေရာလက်နက်များသိမ်း ဆည်းရမိကြောင်း အနောက်ပိုင်း ခရိုင်မှ ဒုရဲမှူးကြီးကျော်ထွဋ်က ယနေ့အတည်ပြုပြောကြားသည်။

ယခုလ ၁ရက် ည ၁၁ နာရီ ကမှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)မှ ဒုရဲမှူး လွင်ဦး ဦးဆောင်သောအဖွဲ့က ရန်ကုန်မြို့ လှိုင်မြို့နယ်(၁ဝ)ရပ် ကွက် ကန်လမ်း လှိုင်ရိပ်မွန်အိမ်ရာ တိုက်အမှတ် အခန်းအမှတ်(၆ဝ၅) နေ ဦးမင်းမင်းထွဋ်၏နေအိမ်သို့ဝင် ရောက်စစ်ဆေးရှာဖွေရာ လေ သေနတ်အရှည်တစ်လက်၊ လေ သေနတ်ပစ္စတိုတစ်လက်၊ နှစ်လုံး ပြူးသေနတ်ပြောင်းပိုတစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ ခဲကျည်ထိပ် ဖူး၁၁ဝခန့်၊ ၃ဝ၃ ကျည်ဆန်ငါး တောင့်၊ပြောင်းတိုက်တံ၊ကျည်ဆန် အဟောင်း၁၃တောင့် သိမ်းဆည်း ရမိခဲ့သည်။

''စီအိုင်ဒီမှုခင်းတပ်ဖွဲ့မန္တလေး စစ်ကြောချက်အရ ဒီမှာဒီလိုရှိတယ် ဆိုပြီး လာတာပေါ့နော်။ ၁ရက်နေ့ မန္တလေးတိုင်းဒေသကြီး စဥ့်ကူး မြို့မရဲစခန်း(ပ/၂၇/၂ဝ၁၅)၊ လက် နက်ပုဒ်မ (၁၉/က)၊ အဲဒီအမှုကွင်း ဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးတာပါ''ဟု ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်မြို့နယ်ရဲစခန်းကနေအိမ်ပိုင်ရှင် ဦးမင်းမင်းထွဋ်ကို လက်နက်ပုဒ်မ (၁၉/က) အရ အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ဇွန် ၂၆ ရက်က မန္တလေးမြို့ စဥ့်ကူးမြို့နယ် ရပ်ကွက်(၁) သီလှ ရွာထိပ် စဥ့်ကူး- ရွှေဘိုသွားကား လမ်းမပေါ် မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ အကြားတွင် စဥ့်ကူး မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ စစ်ဆေးရှာဖွေစဉ် စနိုက်ပါ၊ ရိုင် ဖယ်၊ နှစ်လုံးပြူး၊ လက်ကိုင်စကား ပြောစက်များ၊ နာရီဓာတ်ခဲများ၊ စိတ်ကြွရူးသွပ်ဆေးဝါးများဖမ်းဆီး ရမိခဲ့သည်။ ယင်းနောက်ဆက်တွဲ စစ်ဆေးမှုများအရ မန္တလေးမြို့ ၈၂လမ်းနှင့် ၂၉x၃ဝလမ်း ကြားရှိ အောင်စတိုးမုန့်ဆိုင်ကို ဇွန် ၂၇ရက် က နယ်မြေခံရဲတပ်ဖွဲ့နှင့်စစ်ဘက် ဆိုင်ရာအရာရှိများက ဝင်ရောက်ရှာ ဖွေရာသေနတ်နှင့်ဆက်စပ်ပစ္စည်း ၄ဝကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ သည့်အတွက် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့ ညီအစ်ကိုအပါ အဝင် စုစုပေါင်းငါးဦးအား လက် နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာတရားမဝင်ကိုင်ဆောင် မှု၊ သာမန်လက်နက်မှု စသည့်ပုဒ်မ ၁၉(က)၊ ၂၂(ခ)၊ ၁၉(ခ)၊ ၁၉(င) အပါအဝင် ပုဒ်မငါးခုဖြင့်အမှုဖွင့် ကာစုံစမ်းစစ်ဆေးလျက်ရှိသည်။

''လှိုင်မြို့နယ်မှာမိတာကတော့ သာမန်လေသေနတ်တွေပါ။ရန်ကုန် လုံခြုံရေးနဲ့ပတ်သက်ပြီး ပိတ်ဆို့စစ် ဆေးရှာဖွေမှုတွေ၊ မသင်္ကာဖွယ်ရှိ တဲ့အိမ်တွေကို ဧည့်စစ်တာတွေ ဆောင်ရွက်နေပါတယ်''ဟု ဒုရဲမှူး ကြီးကျော်ထွဋ်က ပြောသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
ရန်ကုန်လှိုင်ရိပ်မွန်အိမ်ရာတွင် လက်နက်များဖမ်းဆီးရမိ၊ မန္တလေး လက်နက်ဖမ်းဆီးမှု၏ နောက်ဆက်တွဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်  ရန်ကုန်လှိုင်ရိပ်မွန်အိမ်ရာတွင် လက်နက်များဖမ်းဆီးရမိ၊ မန္တလေး လက်နက်ဖမ်းဆီးမှု၏ နောက်ဆက်တွဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် Reviewed by သစ်ထူးလွင် on 15:23 Rating: 5
Powered by Blogger.