ဥရောပမှာ အပူလွန်ကဲမှုဖြစ်နေ

ကမ္ဘာကျော် တင်းနစ်သမား ရော်ဂျာ ဖယ်ဒရာကို တွေ့ရစဉ် (Credit: Getty Images)
ဥရောပ ​တခွင်မှာ ​ဖြစ်နေတဲ့ ​အပူလှိုင်း ဖြတ်သန်းမှု ဒဏ်ကြောင့် ​ဘုရားဖူး ​ခရီးစဉ်တွေအပြင် ​Wimbledon ​တင်းနစ်ပြိုင်ပွဲမှာ ​နှောင့်နေးမှု ​ဖြစ်နိုင်တယ်လို့ ​ပြောဆို နေကြ ပါတယ်။

ဒီအချိန်ဟာ ​မွတ်စလင်တွေ ​ဥပုတ်စောင့်တဲ့ ​ကာလလည်း ​ဖြစ်ပြီး ​အစားအစာအပြင် ​ရေပါ ​သောက်ခွင့်မရတဲ့အတွက် ​ဥပုတ်ဝင်နေသူတွေအတွက် ​အခက်အခဲ ​ဖြစ်စေပါတယ်။ ​နေ့တာရှည်ပြီး ​တချို့နေရာမှာ ​ညသန်းခေါင် ​ရောက်ခါနီးမှ ​နေဝင်တဲ့အတွက် ​ပိုပြီး ​အဆာခံနေရတာ ​ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ​လိုဒါ ​မြို့မှာလည်း ​ကက်သလစ် ​ဘာသာဝင်တွေ ​ဘုရားဖူးသွားလေ့ရှိကြပေမယ့် ​ဒီအပူလှိုင်းတွေကြောင့် ​အခက်အခဲ ​ဖြစ်နေရပါတယ်။ ​ခရမ်းလွန်ရောင်ချည်နဲ့ ​အပူဒဏ်နဲ့ ​ပတ်သက်ပြီး ​ပြင်သစ် ​အစိုးရက ​သတိပေးထားပါတယ်။

လန်ဒန်မှာလည်း ​အပူချိန်က ​၃၅ ​ဒီဂရီ ​စဲလ်ဆီးယပ်စ် ​ရှိခဲ့တာကြောင့် ​ကျန်းမာရေး ​သတိပေးချက် ​အဆင့် ​၂ ​ကို ​သတ်မှတ်ထားပါတယ်။

Wimbledon ​တင်းနစ် ​ကစားပြိုင်ပွဲရဲ့ ​အပူဆုံးနှစ် ​အဖြစ် ​စံချိန်တင်သွားတယ်လို့လည်း ​သိရပါတယ်။

နာမည်ကြီး ​ကစားသမား ​Roger ​Federer ​ကတော့ ​ကစားပြီးတာနဲ့ ​ချက်ခြင်း ​ရေသွားချိုးဦးမယ်ဆိုပြီး ​ထွက်ခွာ ​သွားပါတယ်။

အပူချိန်ကြောင့် ​ရထားသံလမ်းတွေ ​အပြောင်းအလဲ ​ဖြစ်နိုင်တာကြောင့် ​ရထားကို ​အရှိန်လျှော့မောင်းဖို့လည်း ​ဗြိတိန်နိုင်ငံ ​ရထားကွန်ယက်က ​သတိပေးထားပါတယ်။

အလုပ်လုပ်နေရတဲ့ ​အမှုထမ်းတွေကိုလည်း ​ဖြတ်နိုင်ရင် ​စမတ်ကျကျ ​အဝတ်အစားတွေအစား ​သက်တောင့်သက်သာ ​ဖြစ်စေမယ့် ​အဝတ်အစားတွေကို ​ဝတ်ဆင်ခွင့်ပေးဖို့ ​အလုပ်သမား ​သမဂ္ဂကလည်း ​တောင်းဆိုထားပါတယ်။

ဘယ်လ်ဂျီယံမှာလည်း ​လမ်းမှာ ​ရုံးဆင်း ​ကျောင်းဆင်းချိန်အတွင်း ​ကားတွေ ​ပိတ်မိမှုတွေ ​မရှိအောင် ​အလုပ်ကို ​စောစီးစွာ ​ပိတ်ချပေးတာမျိုး ​လုပ်နေရပါတယ်။

ဒါ့အပြင် ​အားကစားပွဲ ​တချို့ကိုလည်း ​ဖျက်သိမ်းဖို့ ​စီစဉ်နေကြောင်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဥရောပမှာ အပူလွန်ကဲမှုဖြစ်နေ ဥရောပမှာ အပူလွန်ကဲမှုဖြစ်နေ Reviewed by သစ်ထူးလွင် on 03:03 Rating: 5
Powered by Blogger.