မွတ်ဆလင်အမျိုးသမီးငါးဦးက ဘီကီနီဝတ်ထားသူတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် ပြင်သစ်တွင် ဘီကီနီလှုပ်ရှားမှုပေါ်ပေါက်


ပြင်သစ်နိုင်ငံ ရိန်းစ်မြို့ရှိ ပန်းခြံတစ်ခုတွင် မွတ်ဆလင်အမျိုးသမီးငါးဦးပါသောအဖွဲ့က အသက်(၂၁)နှစ်အရွယ်ရှိ ဘီကီနီဝတ်ဆင်ထားသူ အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့နှင့် ယနေ့တွင် ပြင်သစ်နိုင်ငံ၌ ဘီကနီလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။

 အဆိုပါတိုက်ခိုက်မှုကို မကျေနပ်သောအမျိုးသမီးများက ၄င်းတို့၏ လူမြင်ကွင်း၌ ဘီကီနီဝတ်ဆင်ထားသည့်ဓာတ်ပုံများကို တွစ်တာနှင့်ဖေ့စ်ဘုတ်တွင် အပြိုင်အဆိုင် တင်ခဲ့ကြသည်။

 ထို့ကြောင့် ယမန်နေ့တွင် ပြင်သစ်နိုင်ငံရှိ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရာနှင့်ချီသော ဘီကီနီဓာတ်ပုံများဖြင့် ပြည့်နှက်လျက်ရှိသည်။

 အချို့က အုပ်စုလိုက်ဓာတ်ပုံရိုက်ပြီးတင်ကြသလို အချို့ကလဲ တစ်ဦးချင်းဓာတ်ပုံရိုက်၍တင်ခဲ့ကြသည်။ အချို့သည် အိမ်မွေးတိရစ္ဆာန်များကို ဘီကီနီများဆင်မြန်းကာ တင်ခဲ့ကြသည်။ အမျိုးသားအနည်းစုလည်း ရေကူးဝတ်စုံဖြင့်ပါဝင်လှုပ်ရှားခဲ့ကြသည်။

 ယမန်နေ့တွင် တိုက်ခိုက်ခဲ့သော အမျိုးသမီးငါးဦးသည် အသက်(၁၆)နှစ်နှင့်(၂၄)နှစ်အရွယ် အမျိုးသမီးများဖြစ်သည်။ ယနေ့တွင် အဆိုပါပန်းခြံထဲ၌ ဘီကီနီများဖြင့် ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

T1P(Ref:Daily Mail)
The Union Daily
http://uniondaily.net
မွတ်ဆလင်အမျိုးသမီးငါးဦးက ဘီကီနီဝတ်ထားသူတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် ပြင်သစ်တွင် ဘီကီနီလှုပ်ရှားမှုပေါ်ပေါက်  မွတ်ဆလင်အမျိုးသမီးငါးဦးက ဘီကီနီဝတ်ထားသူတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် ပြင်သစ်တွင် ဘီကီနီလှုပ်ရှားမှုပေါ်ပေါက် Reviewed by THITHTOOLWIN on 03:14 Rating: 5
Powered by Blogger.