လုပ်အားခငွေရှင်းလင်းစဉ် စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်


နေပြည်တော်၊ ဇူလိုင် ၁၁

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ည ၆ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ယမ်းကျေးရွာအနီး၊ လောင်းရှည်-စေတုတ္တရာ-ငဖဲကားလမ်းရှိ လမ်းခင်းကျောက်ခွဲအလုပ်သမားများ နေထိုင်သည့် ယာယီတဲများအနီးတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ လောင်းရှည် နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါ ယာယီတဲများတွင်နေထိုင်သည့် မြို့သစ်မြို့နယ်၊ ဘော့ကျေးရွာနေ မြင့်ဇော်(၃၄)နှစ်နှင့် တစ်ရွာတည်းနေ သိန်းစိုး(၃၃)နှစ်တို့ ၂ ဦး လမ်းခင်းကျောက်ခွဲသည့် လုပ်အားခငွေရှင်းလင်းရာက စကားများရန်ဖြစ်စဉ် သိန်းစိုးမှ အရိုးအသွား(၂)ပေ၊ ဗျက်(၂)လက်မခန့်ရှိ ဓါးဖြင့်ခုတ်၍ မြင့်ဇော်တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး မြင့်ဇော် က အရိုးအသွား(၉)လက်မ၊ ဗျက်(၂)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုး၍ သိန်းစိုးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသောကြောင့် မြင့်ဇော်အား လောင်းရှည်နယ်မြေရဲစခန်း(ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
လုပ်အားခငွေရှင်းလင်းစဉ် စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ် လုပ်အားခငွေရှင်းလင်းစဉ် စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ် Reviewed by သစ်ထူးလွင် on 19:49 Rating: 5
Powered by Blogger.