ဝ ၊ မိုင်းလားရောက် တရုတ်များ အစိုးရထိန်းချုပ်နယ်အတွင်း မကျွံရန် စရဖ သတိပေးစာပို့


 ဂျူလိုင် ၁၄ ရက် ၂၀၁၅

 ၀ နှင့် မိုင်းလားနယ်မြေအတွင်း ရောက်ရှိ မှီခိုနေသည့် တရုတ် လူမျိုးများ ကြိုတင်သတင်း ပေးပို့ခြင်း မရှိဘဲ ကျိုင်းတုံမြို့ နှင့် မိုင်းယန်းမြို့နယ် အတွင်း သို့ ဝင်ရောက်ပါက ဖမ်းဆီးအရေး ယူခြင်းခံရမည်ဟု ကျိုင်းတုံ စစ်တိုင်းရုံးမှ တဆင့် မိုင်းယန်း စရဖ မှ အကြောင်းကြားစာ ပေးပို့ ထားသည်ဟု သိရသည်။

တြိဂံတိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်ဖြင့် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့ စရဖ စစ်ဘက်လုံခြုံရေး တပ်ဖွဲ့မှ အထူးဒေသ ၄ မိုင်းလား၊ ဆီလူး နှင့် UWSA ဝ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်သို့ စာတစောင် အသီးသီးပေး ပို့ခဲ့ကြောင်း၊ အဆိုပါ စာတွင် တရုတ်လူမျိုးများ၊ ကိုးကန့်လူမျိုးများ ကျိုင်းတုံ မြို့ နှင့်မိုင်းယန်းမြို့အတွင်းသွားလာခြင်းမပြုရန်၊သွားလာမှုအားစစ်ဆေး တွေ့ရှိပါက ဖမ်းဆီးအရေး ယူခြင်းခံရမည်ဟု ပါရှိ၏။ ထို့အပြင် အလုပ်ကိစ္စဖြင့် သွားလာလိုပါက ကြိုတင် အကြောင်းကြားရ မည်ဟု လည်းပါရှိပါသည်။

“ဂျူလိုင် ၇ ရက်နေ့က ပါ။ ၁၁ ရက်နေ့မဟုတ်ဘူး။ ကျနော်တို့ မိုင်းပေါက်ေ ကာ မိုင်းလားတပ်ဖွဲ့ရဲ့ ဆီလူးဒေသရော စာတစောင်စီပေးပို့တယ် လို့ကြားရ တယ်။ အဓိက ကတော့ ဒီကိုရောက်နေတဲ့ တရုတ်လူမျိုးတွေ အစိုးရနယ်မြေ အတွင်းသွားလာမယ်ဆိုရင် သတင်းပို့ဖို့ပါ။ သတင်းမပို့ပဲသွား ရင်တော့ အဖမ်းခံရမယ်ပေါ့” - ဟု မိုင်းပေါက်က အရာရှိတဦးကပြောသည်။

အလားတူ သတိပေးစာမျိုးလက်ခံရရှိသည်ဟု မိုင်းလားတပ်ဖွဲ့လည်း အတည်ပြု၏။

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများတွင် လက်နက်အင်အား လူအင်အား ကူညီ ပံ့ပိုး မှုတွင်လည်း ဝ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့တို့ ပါဝင်ပတ်သက်နေ သည် ဟု မြန်မာအစိုးရ ဘက်က စွပ်စွဲထားဖူးသည်။

မိုင်းလား တပ်ဖွဲ့ နှင့် ဝ တပ်ဖွဲ့တို့သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အ ဆင့် လက်မှတ်ရေး ထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။ ကိုးကန့် အရေး အခင်းေ ကြာင့် ယခုနှစ်ဦးပိုင်းမှ စ၍ စစ်ရေးတင်းမာမှု ရံဖန်ရံခါရှိခဲ့သော်လည်း လက် ရှိအနေအထားရ မိုင်းလားမြို့၊ ဆီလူးမြို့ နှင့် မိုင်းပေါက်မြို့တို့တွင် ပုံမှန် သွား လာ လှုပ်ရှားနေကြောင်း ထူးခြားစစ်ရေးပြင်ဆင်မှု၊ လှုပ်ရှားမှု မရှိကြောင်း ဒေ သခံများက ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဝ ၊ မိုင်းလားရောက် တရုတ်များ အစိုးရထိန်းချုပ်နယ်အတွင်း မကျွံရန် စရဖ သတိပေးစာပို့  ဝ ၊ မိုင်းလားရောက် တရုတ်များ အစိုးရထိန်းချုပ်နယ်အတွင်း မကျွံရန် စရဖ သတိပေးစာပို့ Reviewed by သစ်ထူးလွင် on 17:30 Rating: 5
Powered by Blogger.