မုံရွာမြို့တွင် ချင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် (၄၀)စင်တီမီတာသို့ရောက်ရှိ



မုံရွာ၊ ဇူလိုင် ၃၁

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေအမှတ် (၁၀၀၀)စင်တီမီတာ အထက်သို့ရောက်ရှိလျက်ရှိရာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရေယာဉ်များ အသင့်ထားရှိခြင်း သဲအိတ်များ စုဆောင်းခြင်း၊ ရေကင်း များ ချပြီးစောင့်ကြည့်လျက်ရှိသည်။

" စိုးရိမ်ရေအမှတ်အထက်ကိုတော့ ကျော်နေပြီ ဆက်ပြီးလည်း ရေတက်လာ မဲ့အခြေအနေမှာရှိတယ် သဲအိတ်စုဆောင်းတာတွေ၊ စိတ်မချရတဲ့နေရာတွေကို သဲအိတ်ချတာတွေ၊ ရေကင်းစောင့်တာတွေကိုတော့ ဇူလိုင်လ(၂၇)ရက်နေ့က တည်းက စတင်လုပ်ဆောင်နေပါတယ်" ဟုရေဘေးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မုံရွာမြို့ပေါ်နှင့် ချင်းတွင်းမြစ်ရိုးတစ်လျောက် ရေစိမ့်ဝင်နိုင်သည့် နေရာများတွင် ခရိုင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်မှ လုပ်သားပြည်သူများ မှ မုံရွာမြို့ နယ်တောင်ပိုင်း သစ်ဆိမ့် ကျေးရွာမှ မုံရွာမြို့နယ်မြောက်ပိုင်းမရိုးတောကျေးရွာ အထိ ရေကင်း(၂၄)ခုဖြင့်စောင့်ကြပ်လျက်ရှိကြောင်း အရေးပေါ်ကယ် ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ရေယာဉ်(၃)စီးအား အသင့် စီစဉ်ထားကြောင်း နှင့်မုံရွာမြို့တွင်ချင်းတွင်းမြစ်ရေသည် ယနေ့မွန်းတည့် (၁၂)နာရီတွင် မြစ်ရေအမှတ်(၁၀၄၀)စင်တီမီတာသို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

(ဖိုးချမ်း-မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မုံရွာမြို့တွင် ချင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် (၄၀)စင်တီမီတာသို့ရောက်ရှိ  မုံရွာမြို့တွင် ချင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် (၄၀)စင်တီမီတာသို့ရောက်ရှိ Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.