တပ်မတော်သား ကိုယ်စားလှယ်တွေ ကို တဖြည်းဖြည်း လျှော့ချရမယ် လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ဇူလိုင်လ ၁ ရက်နေ့က လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် Photo: RFA
ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ခံ မဟုတ်သူတွေ လွှတ်တော်မှာ ကိုယ်စားပြုခွင့် မရှိကြောင်းနဲ့ အမျိုးသား ရင် ကြားစေ့ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်မှုကို တဖြည်းဖြည်း လျှော့ချရ မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက ဒီနေ့မေးမြန်း ရာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့မရှိပါဘူး၊ ဒါနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်ကပြောထား ပြီးသားပါ၊ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ညှိနှိုင်းပြီးတော့ လျှော့သွားသင့်တဲ့ ကိစ္စဆိုတာ အရင် နှစ်ထဲကတင်ပြပြီးသားဖြစ်ပါတယ်"

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို နှုတ် ထွက်ပေးဖို့ ကျောင်းသူ ကျောင်းသားတွေက ရန်ကုန် မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲဟာ ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်က နှစ်ကြိမ်တားမြစ် ခဲ့ပါတယ်။

အဲဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတာကို ဥပဒေဘောင်အတွင်းက ဆောင်ရွက်စေချင်ကြောင်းနဲ့ တစ်ချိန်တည်းမှာလည်း ဥပဒေတွေဟာလည်း မျှတမှု ရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ