ကနီမြို့တွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေများ ၀င်ရောက်


 ကနီ၊ ဇူလိုင်၃၁

 စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းတွင်းမြစ်အဖျားပိုင်းများတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကနီမြို့နယ်အတွင်းချင်းတွင်းမြစ် ကမ်းဘေးရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် နှစ်ရပ်ကွက်တွင် အနိပ်ပိုင်းနေရာ များ၌ ဇူလိုင်လ ၃၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ မြစ်ရေများ ၀င်ရောက်ပြီးရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ကနီမြို့ ရေကြီးရေလျှံမှုတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျန်ထွန်း၊ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးထိန်စိုး၊ မြို့နယ်တာဝန်ရှိသူ များ၊ ပြည်သူ့ရဲတပ်ဖွဲ့များ၊ မီတပ်တပ်ဖွဲ့များ၊ ကျန်းမာရေးဌာနများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှ ရေ၀င်ရေ သည့် နေအိမ်များအားရေလွတ်ရာသို့ ရွေ့ပြောင်းပေးခြင်းများဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကနီမြို့ အခြေစိုက် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန မြို့နယ်ဇလဗေဒစခန်းမှ တရာဝင်ထုတ်ပြန်ချက်အရကနီမြို့တွင် ဇူလိုင် ၂၉ ရက်ကချင်းတွင်းမြစ်ရေမှာ ၁၁၉၃ စင်တီမီတာ မြင့်တက်ခဲ့သည်။ ဇူလိုင် ၃၀ ရက်နေ့တွင်၁၂၃၈စင်တီမီတာအထိ တက်ရောက်ခဲ့ပြီးချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၂၃၃ စင်တီမီတာ ဖြစ်သည်။ ဇူလိုင် ၃၁ ရက်နေ့ နံနက် (၆း၀၀) နာရီတွင် ချင်းတွင်းမြစ်ရေမှာ၁၂၆၃ စင်တီမီတာအထိတက်ရောက်ခဲ့၍ စိုးရိမ်ရေမှတ်အထက် ၃၀စင်တီမီတာတစ်ပေကျော်ခန့်မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေများဝင်ရောက်ရခြင်းဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကနီမြို့တွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေများ ၀င်ရောက်   ကနီမြို့တွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေများ ၀င်ရောက် Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.