မူးမြစ်စိုးရိမ်ရေအမှတ် ကျော်လွန် ၍ စစ်ကိုင်း-မုံရွာကားလမ်း အချို့နေရာများ ရေကျော်မှုဖြစ်

 စစ်ကိုင်းမြို့၌ ဧရာဝတီမြစ် စိုးရိမ်ရေ အမှတ်ရောက်ရှိပြီး မူးမြစ်စိုးရိမ်ရေ အမှတ် ကျော်လွန် ၍စစ်ကိုင်း-မုံရွာ ကားလမ်း အချို့နေရာများ ရေကျော်မှုဖြစ်
စစ်ကိုင်း၊ ဇူလိုင် ၃၀

စစ်ကိုင်းမြို့၌ ဇူလိုင်(၃၀)ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိပြီး မူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၁ ဒသမ ၈ပေ သို့ရောက်ရှိနေသောကြောင့် စစ်ကိုင်း-မုံရွာသွားမော်တော်ကားလမ်း စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာရှိ မိုင်တိုင် အမှတ်၃၇/၆မှ ညောင်ပင်ဝန်းတံတားအထိ ကားလမ်းအနိမ့်ပိုင်းနေရာ အချို့တွင် မူးမြစ်ရေများဖြတ်ကျော်လျှက် ရှိသည်ကိုသိရသည်။

အဆိုပါမူးမြစ်ရေများလျှံပြီး ကျေးရွာအချို့ရေဝင်သည့်နေရာများနှင့် ကားလမ်း အနိမ့်ပိုင်း ရေကျော် နေသည့်နေရာများ၌ ရွှေတောင်ဖွံ့ဖြိုးတိုး တက်ရေးကုပ္မဏီတို့က အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများဆောင်ရွက်နေမှု အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောသတ္ထု၊စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်၊တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ယာဉ်သွား လာ မှုနှင့်ရေကျော်သည့်နေရာများတွင် ကားများအန္တရာယ်မဖြစ်စေရန် အတွက်လမ်းဘေးပခုံးသားနေရာများတွင် အမှတ်အသားများပြထားသည်တို့ကို လည်းကောင်း၊ရေဝင်သည့်ကျေးရွာများမှလူနှင့်တိရစ္ဆာန်များ ဘေးကင်းသည့်နေရာများတွင်နေရာပေးထားပြီးရေကင်းများချထားမှုတို့အားလိုက် လံကြည့်ရှု၍ လိုအပ်သည့်လမ်းညွှန်မှု များပေးခဲ့ သည်ကိုသိရသည်။

မျိုးဝင်း (စစ်ကိုင်း ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မူးမြစ်စိုးရိမ်ရေအမှတ် ကျော်လွန် ၍ စစ်ကိုင်း-မုံရွာကားလမ်း အချို့နေရာများ ရေကျော်မှုဖြစ် မူးမြစ်စိုးရိမ်ရေအမှတ် ကျော်လွန် ၍ စစ်ကိုင်း-မုံရွာကားလမ်း အချို့နေရာများ ရေကျော်မှုဖြစ် Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.