ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဧရာဝတီတိုင်း မော်ကျွန်း ခရီးစဉ်

ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင် 
 မော်လမြိုင်ကျွန်း ကို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ထွက်ခဲ့ပြီး ရွေးကောက်ပွဲ ပညာပေး ဟောပြောမှုတွေ လုပ်ခဲ့တာ နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို မဲထည့်ဖို့အတွက် လည်း စည်းရုံးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အခုတကြိမ် မော်ကျွန်း ကို ပထမဆုံးအကြိမ်ပြန်ရောက်လာတာ ဖြစ်ပြီး ရွေးကောက်ပွဲ ကို အလေးထားဖို့ ကိုလည်း ထောင်ချီပြီး စုဝေးရောက်ရှိနေကြတဲ့ လူစုလူဝေး ကို ပြောကြားခဲ့ပါတယ်။

ပြည်သူတွေ က မလိုလားတော့ဘူးဆိုရင် သူတို့အနေနဲ့ အာဏာကို ချက်ချင်းစွန့်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အပြောင်းအလဲ ကို လိုချင်ရင် အန်အယ်ဒီ ကို မဲပေးကြဖို့ တက်ရောက်နားထောင်ကြတဲ့ ပြည်သူတွေ ကို ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

မော်လမြိုင်ကျွန်း မြို့ ထဲက ဗွက်ထနေတဲ့ ဘောလုံးကွင်းထဲမှာ လုပ်တဲ့ ဒီအခမ်းအနား ကို လူတွေ ထောင်ချီပြီး စုရုံး တက်ရောက်ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဧရာဝတီတိုင်း မော်ကျွန်း ခရီးစဉ်  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဧရာဝတီတိုင်း မော်ကျွန်း ခရီးစဉ် Reviewed by THITHTOOLWIN on 07:53 Rating: 5
Powered by Blogger.