မီးရထားမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်း ယခုနှစ်ပထမခြောက်လအတွင်း ပိုမိုမြင့်မားလာ


ရန်ကုန် ဇူလိုင် ၃

ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး မီးရထားလမ်းပိုင်းတွင် ယမန်နှစ် ပထမခြောက်လနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမခြောက်လအတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှုန်း ပိုမိုမြင့်မားလာကြောင်း မြန်မာ့မီးရထား(တိုင်း-၇)မှ သိရ သည်။

''မိုးတွင်းကာလမှာ ရထားစီးနင်းသူ ခရီးသွားပြည်သူတွေအနေနဲ့ အတက်/ အဆင်းပြုလုပ်တဲ့အခါမှာ အထူး ဂရုစိုက်ဖို့လိုတယ်။ မီးရထားလမ်းပိုင်း တွေမှာ သတိမမူလမ်းဖြတ်ကူးမှု ကြောင့် သေဆုံးမှုတွေဖြစ်ကြရတယ်။ ရထားထွက်တဲ့အချိန်မှာ အတက်/ အဆင်းလုပ်လို့ မတော်တဆထိခိုက် ဒဏ်ရာရရှိမှုကတော့ အများဆုံးပဲ။ သံလမ်းပေါ်အိပ်လို့ သေဆုံး မှုတွေရှိသလို သေကြောင်းကြံစည်မှု တွေကြောင့်လည်း သေဆုံးမှုတွေ ဖြစ်ပွားနေရတာပါ။ ယခုနှစ် ပထမ ခြောက်လပိုင်းမှာဆိုရင် ယမန်နှစ်က ပထမခြောက်လပိုင်းထက် မတော်တဆ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပိုများလာပါတယ်''ဟု မြန်မာ့မီးရထား (တိုင်း-၇) လက်ထောက်အထွေထွေ မန်နေဂျာ ဦးတင့်ဝေက ပြောသည်။

ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး မီးရထားလမ်းပိုင်းတွင် ၂ဝ၁၄ ခုနှစ် အတွင်း မတော်တဆထိခိုက်ဒဏ်ရာရ ရှိသူ ၃၆ ဦး၊ သေဆုံးသူ ၂၄ ဦးရှိခဲ့ရာ ၎င်းတို့အနက်မှ ပထမခြောက်လ အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦး၊ သေဆုံးသူ ၁ဝ ဦးရှိခဲ့ပြီး ယခုနှစ် ပထမခြောက်လတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၄ ဦး၊ သေဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ အများစုမှာ ရထားလာစဉ်သတိမမူဘဲ လမ်းဖြတ်ကူးခြင်း၊ ရထားမရပ်မီ ခုန်တက်/ခုန်ဆင်း ပြုလုပ်ခြင်း၊ ရထားသံလမ်းပေါ်အိပ်ခြင်း၊ ရထား သံလမ်းပေါ်တွင် အရက်သေစာ သောက်စားခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် မိမိကိုယ်ကို သေကြောင်းကြံ စည်ခြင်းများ ပါဝင်ကြောင်းသိရသည်။

''မတော်တဆမှုတွေက ဘူတာတွေ မှာဖြစ်တာနည်းတယ်။ ဘူတာတွေမှာ ဖြစ်တာက မဆင်မခြင်အတက်/ အဆင်းလုပ်လို့ ဖြစ်တာလောက်ပဲ ရှိတယ်။ သေဆုံးမှုအများဆုံး ဖြစ်တာက လမ်းပိုင်းတွေမှာဖြစ်တာ များတယ်။ အကာအရံမရှိတဲ့နေရာတွေ မှာ ရထားကိုမကြည့်ဘဲ မဆင်မခြင် လမ်းဖြတ်ကူးလို့ဖြစ်တာအများဆုံးပဲ''ဟု ၎င်းက ထပ်မံပြောသည်။

ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား လမ်းပိုင်းများတွင် ဘူတာ ၅၅ ဘူတာ ရှိပြီး တွဲဆိုင်း ၂၃ ဆိုင်းဖြင့် နေ့စဉ် ၂၁၅ ခေါက်ပြေးဆွဲလျက်ရှိရာ တစ်ရက် လျှင် ခရီးသွားပြည်သူပျမ်းမျှ ခုနစ် သောင်းကျော် လိုက်ပါစီးနင်းလျက်ရှိ ကြောင်း သိရသည်။

ဇော်ကြီး(ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မီးရထားမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်း ယခုနှစ်ပထမခြောက်လအတွင်း ပိုမိုမြင့်မားလာ  မီးရထားမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်း ယခုနှစ်ပထမခြောက်လအတွင်း ပိုမိုမြင့်မားလာ Reviewed by သစ်ထူးလွင် on 09:09 Rating: 5
Powered by Blogger.