အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၉/၁ နှင့် ၁၆၉/၂ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား




၂၀၁၅-ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ညနေ(၃း၂၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၉/၁ နှင့် ၁၆၉/၂ ကြား မန္တလေးမှ ရန်ကုန်သို့ (အပြန်လမ်း)၌ ဦးကြည်ထွန်းဝင်း၊ (ဘ)ဦးအောင်ဝင်း၊ အသက်(၅၉)နှစ်၊ ၇/မကတ(နိုင်)၀၀၈၂၀၇၊ နေပြည်တော်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 8J/1220, Hi-Ace (အဖြူရောင်) ယာဉ်သည် အပြန်လမ်းအတိုင်း မောင်နှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုကျော်ဖြတ်ကာ အသွားလမ်း၌ မောင်းနှင်လာသည့် ယာဉ်အမှတ် BB/9728 Starex (ခဲရောင်) ယာဉ်မောင်း ဦးသက်နိုင်၊ (၄၉)နှစ်၊ (ဘ)ဦးသောင်းညွန့်၊ ၁၂/ကမတ(နိုင်)၀၃၆၃၉၉၊ စမ်းချောင်းမြို့နေသူ ၏ယာဉ်အား ၀င်တိုက်မိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် Starex ယာဉ်ပေါ်ပါလာသူ ကျား(၂)ဦးနှင့် Hi-Ace ယာဉ်ပေါ်မှ ကျား(၁)ဦး၊ ပေါင်း(၃)ဦးမှာ အနည်းငယ်စီထိခိုက်ဒဏ်ရာရရှိသဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၎င်းယာဉ်မတော်တဆမှု ဖြစ်စဉ်အား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၉/၁ နှင့် ၁၆၉/၂ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား  အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၉/၁ နှင့် ၁၆၉/၂ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.