ကန်အဆင့်နိမ့် သတ်မှတ်မှုကို ထိုင်းမကျေနပ်

ထိုင်းနိုင်ငံ တောထဲက လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်း (Credit: ABC) 
 ထိုင်းနိုင်ငံ ​အစိုးရအနေနဲ့ ​လူကုန်ကူးမှု ​ပပျောက်အောင် ​ကောင်းမွန်စွာ ​လုပ်ဆောင်မှု ​မရှိဘူးလို့ ​အမေရိကန်က ​ပြောဆိုခဲ့တာကို ​ထိုင်းအစိုးရက ​မကျေမနပ် ​ဖြစ်နေပါတယ်။

လူကုန်ကူးမှုကို ​တိုက်ဖျက်ရာမှာ ​အနိမ့်ဆုံးအဆင့်အဖြစ် ​ထိုင်း၊ ​အီရန်၊ ​လစ်ဗျား၊ ​မြောက်ကိုရီးယား၊ ​ဆီးရီးယားနဲ့ ​အီရီထရီးယား ​နိုင်ငံတို့ကို ​ထည့်သွင်းထားပါတယ်။

ထိုင်းနိုင်ငံကို ​ဒုတိယနှစ် ​ဆက်တိုက် ​အနိမ့်ဆုံး ​အဆင့်မှာ ​ထားရတာကတော့ ​ခေတ်သစ်ကျွန် ​ခိုင်းစေမှု၊ ​အမျိုးသမီးနဲ့ ​ကလေးတွေ ​လိင်ကျွန်အဖြစ် ​ရောင်းစား ​ခံရမှုတွေကို ​မတိုက်ဖျက်နိုင်တဲ့အတွက် ​ဖြစ်တယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။

ထိုင်းအစိုးရကတော့ ​ဒီနောက်ပိုင်း ​အစိုးရအနေနဲ့ ​လူကုန်ကူးမှု ​တိုက်ဖျက်ရေးကို ​အစွမ်းကုန် ​လုပ်ဆောင်ခဲ့တာတွေ ​ရှိတယ်လို့ ​တုန့်ပြန်ထားပါတယ်။

မေလတုန်းက ​ထိုင်းအစိုးရကနေ ​လူကုန်ကူးမှုကို ​တိုက်ဖျက်ခဲ့ရာက ​လူကုန်ကူးသူတွေက ​ရိုဟင်ဂျာနဲ့ ​ဘင်္ဂလားဒေ့ရှ်တွေ ​အများစု ​ပါဝင်တဲ့ ​လူတွေကို ​ပင်လယ်ထဲ ​ပို့ဆောင်ခဲ့ရာက ​ပင်လယ်ပြင်မှာ ​ထောင်နဲ့ချီ ​သောင်တင်ခဲ့ကြပါတယ်။

အမေရိကန် ​အစိုးရရဲ့ ​သတ်မှတ်ချက် ​မထုတ်ပြန်ခင်တုန်းက ​ထိုင်းနိုင်ငံကို ​အမေရိကန်က ​အဆင့်တိုးပေးမယ်လို့ ​ယူဆပါသလားလို့ ​ထိုင်းဝန်ကြီးချုပ် ​Prayu ​Chan-O-Cha ​ကို ​သတင်းထောက်တွေ ​မေးတဲ့အခါမှာ ​အဆင့်တိုးပေးမှာ ​မဟုတ်ဘူးလို့ ​ဖြေဆိုခဲ့ပါတယ်။

အမေရိကန်က ​အဆင့်မတိုးပေးပေမယ့် ​ထိုင်းကတော့ ​လူကုန်ကူးမှုကို ​ဆက်လက် ​တိုက်ဖျက်မှာဖြစ်ပြီး ​ဒီကိစ္စက ​တစ်လအတွင်း ​တစ်နှစ်အတွင်း ​ဖြေရှင်းလို့ ​ရတဲ့ ​ကိစ္စမဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံကို ​အနိမ့်ဆုံး ​အဆင့်မှာ ​သတ်မှတ်ထားပေမယ့် ​မလေးရှားနိုင်ငံကိုတော့ ​အဆင့်တိုးပေးခဲ့တဲ့အတွက် ​အခုဆိုရင် ​မလေးရှားက ​မြန်မာ၊ ​လာအိုနဲ့ ​ကမ္ဘောဒီးယားတို့နဲ့ ​အဆင့်တူနေကြောင်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်အဆင့်နိမ့် သတ်မှတ်မှုကို ထိုင်းမကျေနပ်   ကန်အဆင့်နိမ့် သတ်မှတ်မှုကို ထိုင်းမကျေနပ် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.