ကင်မရွန်း မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရ


 ကင်မရွန်း နိုင်ငံ မြောက်ပိုင်း က မာရူအား ဆိုတဲ့ မြို့ မှာတော့ ကားဗုံးခွဲ တိုက်ခိုက် ခံရလို့ အနည်းဆုံး လူ ၁၄ ဦး သေဆုံး ပြီး အများအပြား ဒဏ်ရာ ရ သွားပါတယ်။

ပေါ်န်ဗဲ ဆိုတဲ့ ရပ်ကွက် ထဲမှာ ဖြစ်ခဲ့တာ လို့ ကင်မရွန်း စစ်တပ် ထဲက လာတဲ့ သတင်းတွေ က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ ရက် ကလည်း အဲဒီ့ မြို့ မှာ ပဲ အသေခံ ဗုံးခွဲ မှု ၂ ကြိမ် ဖြစ် ခဲ့ပါသေးတယ်။

နိုင်ဂျီးရီးယား က အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် တွေ ရဲ့ လက်ချက် ဖြစ်နိုင်တယ် လို့ ကင်မရွန်း အာဏာပိုင် တွေ က ယူဆ ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ကင်မရွန်း မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရ  ကင်မရွန်း မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.