အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၀/၃) ယာဉ်တိုက်မှု ယာဉ်မောင်းသေဆုံး

 အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်ရှိ အုတ်ခုံအား ဝင်ရောက်တိုက်မိတိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး
နေပြည်တော်၊ ဇူလိုင် ၂၉

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၀/၃)တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ လှမြင့်စိုး (၃၈)နှစ်မောင်းလာသည့် 5D/×××× Mark II အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ အုတ်ခုံအား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ တိမ်းမှောက်မှုကြောင့် လှမြင့်စိုး တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သဖြင့် စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၀/၃) ယာဉ်တိုက်မှု ယာဉ်မောင်းသေဆုံး  အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၀/၃) ယာဉ်တိုက်မှု ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 01:18 Rating: 5
Powered by Blogger.