အင်ဒိုစစ်လေယာဉ် ပျက်ကျ ၁၄၀ ကျော်သေ

သက်ဆိုင်ရာက လေယာဉ်ပျက်ကျတဲ့ နေရာတဝိုက်မှာ အလုပ်လုပ်နေစဉ် (Credit: AFP) 
အင်ဒိုနီးရှားနိုင်ငံ ​ဆူမားတြား ​မြောက်ပိုင်းမှာ ​အင်ဒိုနီးရှား ​စစ်တပ်ပိုင် ​လေယာဉ် ​တစ်စင်း ​ပျက်ကျခဲ့ရာက ​လူပေါင်း ​၁၄၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

အခုဆိုရင် ​လူပေါင်း ​၁၄၂ ​ယောက်ရဲ့ ​အလောင်းကို ​သယ်ထုတ်နိုင်ပြီလို့ ​ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ​ပြောပါတယ်။

မီဒန်းမြို့ ​လူနေထူထပ်တဲ့ ​နေရာဟာ ​လေယာဉ် ​ပျက်ကျသွားပြီး ​လေယာဉ်ပေါ် ​လူပေါင်း ​၁၁၃ ​ယောက် ​လိုက်ပါခဲ့ပါတယ်။

သေဆုံးသူ ​တချို့ဟာ ​အင်ဒိုနီးရှား ​စစ်သားတွေရဲ့ ​မိသားစုဝင်တွေ ​ဖြစ်ကြပါတယ်။

စစ်သားတွေကို ​စခန်းတစ်ခုကနေ ​နောက်တစ်ခုကို ​ပြောင်းရာမှာ ​လေယာဉ်တွေကို ​စစ်တပ်က ​အသုံးပြုလေ့ရှိပါတယ်။

အဲဒီလေယာဉ်ဟာ ​လူနေအိမ်တွေအပြင် ​ဟိုတယ်တစ်လုံးကိုပါ ​ဝင်တိုက်မိပြီးနောက် ​ပေါက်ကွဲသွားတယ်လို့ ​မျက်မြင်သက်သေ ​တစ်ဦးက ​ပြောပါတယ်။

အဲဒီ ​လေယာဉ်ပျက်ကျမှု ​ဖြစ်ခဲ့တဲ့ ​လမ်းပေါ်မှာပဲ ​လွန်ခဲ့တဲ့ ​၁၀ ​နှစ် ​နီးပါးတုန်းကလည်း ​လေယာဉ်တစ်စင်း ​ပျက်ကျရာက ​လူပေါင်း ​ဒါဇင်နဲ့ချီ ​သေဆုံးခဲ့ရပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ ​ပျံသန်းမှု ​မှတ်တမ်းတင်ပေးတဲ့ ​black ​box ​လည်း ​မရှိတာကြောင့် ​လေယာဉ်က ​ဘာကြောင့် ​ပျက်ကျသလဲ ​ဆိုတာ ​သိနိုင်ဖို့ ​ခက်ခဲသွားပြီ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှား ​ကာကွယ်ရေးတပ်မှာ ​ရှိနေသေးတဲ့ ​လေယာဉ်အဟောင်းတွေ ​အားလုံးကို ​ပြန်လည် ​စစ်ဆေးမှုတွေ ​လုပ်ဖို့ ​အင်ဒိုနီးရှား ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုက ​ညွှန်ကြား ​ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အင်ဒိုစစ်လေယာဉ် ပျက်ကျ ၁၄၀ ကျော်သေ  အင်ဒိုစစ်လေယာဉ် ပျက်ကျ ၁၄၀ ကျော်သေ Reviewed by သစ်ထူးလွင် on 20:20 Rating: 5
Powered by Blogger.