ကျော်သက်နှင့် စောဆန်းအောင်ဦးစီး ကေကေအိုအဖွဲ့ထံမှ လက်နက်ခဲယမ်းများနှင့် မော်တော်ယာဉ်များ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော် ဇူလိုင် ၁၅

ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင်ဦးစီးအဖွဲ့များ ခိုအောင်းနေထိုင်မှုမရှိစေရေးအတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ တောင်ကုန်းများ၌ နယ်မြေရှင်းလင်းလျက်ရှိသည်။

ထိုသို့ရှင်းလင်းစဉ် ဇူလိုင် ၁၄ ရက်တွင် ပွိုင့်-၁၁၃၉ တောင်ကုန်း တစ်ဝိုက်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းအဖွဲ့များ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသဖြင့် ပတ်ဝန်း ကျင်အား ရှင်းလင်းရာ အာရ်ပီဂျီ ဗုံးသီးသုံးလုံး၊ ရှေ့ထွက်မိုင်း ၅၄ လုံး၊ လမ်းလျှောက်စကားပြောစက် တစ် လုံးနှင့် မော်တော်ယာဉ် တစ်စီးတို့ သိမ်းဆည်းရမိသည်။

အလားတူ ပွိုင့်-၃၈၂ တောင် ကုန်းနှင့် အနီးတစ်ဝိုက်မှလည်း လက်နက်မျိုးစုံ ခြောက်လက်၊ ဗုံးသီး မျိုးစုံ ၁၃၈ လုံး၊ မိုင်းမျိုးစုံ ၄၉ လုံး၊ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်မျိုးစုံ ၃၇၉ တောင့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်း များ၊ မော်တော်ယာဉ် ခုနစ်စီးတို့ကို ထပ်မံသိမ်းဆည်းရမိသည်။

ထို့အပြင် တောင်ကလေးရှိ နယ်မြေခံတပ်ရင်းသို့ ၎င်းအဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးလာရောက်ပြီး ဥပဒေ ဘောင် အတွင်း ဝင်ရောက်ခဲ့သည်။

အဆိုပါ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်သည့် ဇူလိုင် ၂ ရက်မှ ယနေ့အထိ ၎င်းတို့အဖွဲ့ထံမှ ဖမ်းဆီး ရမိ ခုနစ်ဦး၊ အလောင်း လေးလောင်း၊ လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်မျိုးစုံ ၄ဝ၃၃ တောင့်၊ ဗုံးသီးမျိုးစုံ ၁၉၅ လုံး၊ မိုင်းမျိုးစုံ ၁ဝ၈ လုံး၊ ခဲယမ်း၊ ဆက်စပ် ပစ္စည်းများနှင့် မော်တော်ယာဉ် ၁ဝ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က ဆက်လက်နယ်မြေ ရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။

(မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျော်သက်နှင့် စောဆန်းအောင်ဦးစီး ကေကေအိုအဖွဲ့ထံမှ လက်နက်ခဲယမ်းများနှင့် မော်တော်ယာဉ်များ ထပ်မံသိမ်းဆည်းရမိ  ကျော်သက်နှင့် စောဆန်းအောင်ဦးစီး ကေကေအိုအဖွဲ့ထံမှ လက်နက်ခဲယမ်းများနှင့် မော်တော်ယာဉ်များ ထပ်မံသိမ်းဆည်းရမိ Reviewed by သစ်ထူးလွင် on 03:42 Rating: 5
Powered by Blogger.